AD
AD
AD
play

 

ပြီးခဲ့တဲ့ သောကြာနေ့ညမှာ တောင်အာဖရိကအသင်းကို ဆီနီဂေါအသင်းက ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဆီနီဂေါအသင်းရဲ့တိုက်စစ်မှူး မာနေးဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပါတယ်။

Postby

 

ဒဏ်ရာရရှိခဲ့တဲ့အတွက် မာနေးဟာ လီဗာပူးအသင်းကို သတ်မှတ်ထားတဲ့အချိန်ထက် စောပြီး ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

"တောင်အာဖရိကနဲ့ ဆီနီဂေါအသင်းတို့ ကစားခဲ့တဲ့ပွဲမှာ မာနေးရဲ့ဒဏ်ရာဟောင်းက ပြန်ပြီး ပေါ်လာခဲ့ပါတယ်"

"ဆီနီဂေါအသင်းရဲ့ဆေးဝန်ထမ်းတွေနဲ့ လီဗာပူးအသင်းရဲ့ဆေးဝန်ထမ်းတွေ အပြန်အလှန် တိုင်ပင်ခဲ့ပြီးနောက်မှာ မာနေးကို ဒဏ်ရာသက်သာတဲ့အထိ ကုသမှုတွေပြုလုပ်ဖို့အတွက် လီဗာပူးအသင်းကို ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်"လို့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

play

မာနေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဆီနီဂေါအသင်းအတွက် ကစားပေးရင်း တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့အတွက် လီဗာပူးအသင်းရဲ့ ပွဲစဉ် ၅ ပွဲအထိ လွဲချော်ခဲ့ဖူးပြီး ယခုအပတ်နိုင်ငံတကာပွဲစဉ်တွေ ပြန်လည်ကစားရာမှာ ဒဏ်ရာဟောင်းပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

Source & Photos: Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD