AD
AD
AD
play

 

ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား ဘာကာရိုကိုဟာ ယခုအပတ်မှာ ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲစဉ်တွေအတွက် အပြီးသတ်လူစာရင်းမှာ အရွေးမခံခဲ့ရတဲ့အတွက် စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာလည်း ပါဝင်ကစားခွင့် မရခဲ့တဲ့ ဘာကာရိုကိုဟာ သူ့ရဲ့ခံစားချက်ကို ပြောကြားခဲ့ပါတယ်။

play

"ကျွန်တော့်အနေနဲ့ လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခွင့်မရတာ အရမ်းစိတ်ပျက်မိပါတယ်။ ကျွန်တော့်ရဲ့အိပ်မက်က နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားဖို့ပါ။ ချယ်ဆီးအသင်းလို ကလပ်အသင်းကြီးမှာတောင် ကစားနေတဲ့ ကျွန်တော့်ရဲ့ခြေစွမ်းဟာ ပြင်သစ်အသင်းအတွက်လည်း ကစားပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခု ရွေးချယ်ထားတဲ့ မတွီဒီ၊ ကန်တေး၊ ရာဘီအို့နဲ့ တိုလစ်ဆိုတို့က ကျွန်တော့်ထက် ပိုပြီး ခြေစွမ်းမကောင်းလောက်ပါဘူး။ သူတို့ဟာ ပင်ကိုပါရမီရှိပြီး ထူးချွန်တဲ့ကစားသမားတွေဖြစ်ပြီး ကျွန်တော့်ရဲ့သူငယ်ချင်းတွေဆိုလည်း ဟုတ်ပါတယ်"

"သူတို့ အရွေးချယ်ခံရတာတော့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်လည်း သူငယ်ချင်းတွေနဲ့အတူ ပြင်သစ်အသင်းရဲ့ဝတ်စုံကို ဝတ်ပြီး အသင်းအတွက် ကစားပေးချင်တာပေါ့။ ကျွန်တော့်ခြေစွမ်းက မညံ့ဘူးဆိုတာတော့သေချာပါတယ်"လို့ ပြောကြားသွားခဲ့ပါတယ်။

Postby

 

ဘာကာရိုကိုဟာ ပြင်သစ်အသင်းရဲ့ သက်တမ်းအလိုက် ပြိုင်ပွဲတွေဖြစ်တဲ့ ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၈၊ ယူ-၂၀၊ ယူ-၂၁ စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင် ကစားပေးခဲ့တဲ့ကစားသမားဖြစ်ပြီး လက်ရွေးစင်အသင်းကြီးအတွက် လက်ရှိအချိန်အထိ ၁ ပွဲသာ ပါဝင်ကစားခွင့်ရသေးတာဖြစ်ပါတယ်။

Source & Photos: Chelseaseason

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD