AD
AD
AD
play

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ကမ္ဘာ့ဖလားဝင်ခွင့် Play-off ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အီတလီအသင်းနဲ့ ဆွီဒင်အသင်းတို့ရဲ့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ ဆွီဒင်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။

play

 

အီတလီအသင်းဟာ ဆွီဒင်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၁၉၅၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပစဉ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဝင်ခွင့်မရခဲ့ဘဲ နောင်နှစ်ပေါင်း ၆၀ အကြာမှာ ဆွီဒင်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျရှုံးခဲ့တာဖြစ်ပါတယ်။

play

 

အီတလီအသင်းဟာ ပထမအကျော့ပွဲစဉ်က ဆွီဒင်အသင်းရဲ့ကွင်းလယ်ကစားသမား ယာကော့ဂျိုဟန်ဆန်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ယနေ့နံနက်မှာတော့ ဒုတိယအကျော့ပွဲစဉ်အနေနဲ့ ဆန်စီရိုကွင်းကြီးမှာ ဆွီဒင်အသင်းကို လက်ခံယှဉ်ပြိုင်ခဲ့ရာ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေကျခဲ့တာဖြစ်ပါတယ်။

play

 

အီတလီအသင်းဟာ ပြီးခဲ့တဲ့ ၁ နှစ်ကျော်က ယူရို ၂၀၁၆ ပြိုင်ပွဲမှာလည်း ဂျာမနီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ယခု ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ခြေစစ်ပွဲကျရှုံးခဲ့တဲ့အတွက် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

play

 

ယနေ့ပွဲစဉ်မှာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ဟာ ပင်နယ်တီပြစ်ဒဏ်ဘော ပေးရမယ့် ပြစ်ဒဏ်ကျူးလွန်မှုတွေကို အရေးယူခြင်းမရှိတာကို တွေ့ခဲ့ရပါတယ်။ ပထမပိုင်း ၈ မိနစ်မှာ မာကိုပါရိုလိုကို ဆွီဒင်အသင်းရဲ့နောက်ခံကစားသမား သြဂတ်စတင်ဆန်က ပင်နယ်တီဧရိယာထဲမှာ ကစားပုံကြမ်းတမ်းခဲ့ပေမယ့် အီတလီအသင်းကို ပင်နယ်တီ ကန်ခွင့်မပေးခဲ့တာတွေ့ရပါတယ်။ ယင်းဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စောဒကတက်ခဲ့တဲ့ ချီရယ်လီနီကို ကွင်းလယ်ဒိုင်က အဝါကတ်ပြ သတိပေးခဲ့ပါတယ်။ ၁၅ မိနစ်မှာ အီတလီအသင်းရဲ့နောက်ခံကစားသမား မက်တီအိုဒါမီယန် ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဆွီဒင်အသင်းကို ပင်နယ်တီကန်ခွင့်မပေးခဲ့ပါဘူး။

play

 

ယနေ့ပွဲစဉ်မှာ အီတလီအသင်းအနေနဲ့ ဂိုးကန်သွင်းခွင့်တွေရခဲ့ပေမယ့် ဆွီဒင်အသင်းရဲ့ဂိုးသမား ရော်ဘင်အော်ဆင်က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သလို နောက်ခံကစားသမားတွေကလည်း အစွမ်းကုန်ပိတ်ဆို့ကာကွယ်နိုင်ခဲ့တဲ့အတွက် အီတလီအသင်းကို နှစ်ကျော့ပေါင်းရလဒ်နဲ့ အနိုင်ရရှိပြီး ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD