AD
AD
AD
play

 

အီတလီအသင်းရဲ့နည်းပြ ဂီယန်ပီရိုဗန်တူရာဟာ ဆွီဒင်အသင်းကို နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့် ဆုံးရှုံးခဲ့တဲ့အတွက် နည်းပြရာထူးကနေ နုတ်ထွက်သွားပြီဖြစ်ကြောင်း သိရပါတယ်။

play

 

အီတလီအသင်းဟာ ကမ္ဘာ့ဖလားကို ၄ ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးပြီး ၁၉၅၈ ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်တဲ့နှစ်မရှိခဲ့ဖူးပါဘူး။ ယနေ့ပွဲစဉ်မှာ ဆွီဒင်အသင်းကို နှစ်ကျော့ပေါင်းရလဒ်နဲ့ရှုံးနိမ့်ခဲ့တဲ့အတွက် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။

play

 

နည်းပြဂီယန်ပီရိုဗန်တူရာဟာ နုတ်ထွက်ကြောင်းကို တရားဝင်စာမတင်ရသေးဘဲ BT Sport သတင်းဌာနရဲ့ဥက္ကဌ ဂျိမ်းစ်ဟွန်းကာဆယ်နဲ့ တစ်ဦးချင်း ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နည်းပြ ဗန်တူရာဟာ ပွဲအပြီးမှာ မီဒီယာတွေကို တစ်ခွန်းမှ ဖြေကြားခြင်းမရှိဘဲ ထွက်ခွာသွားခဲ့တာဖြစ်တယ်လို့ ဟွန်းကာဆယ်က ပြောကြားခဲ့ပါတယ်။

play

 

၂၀၁၆ ခုနှစ်မှာ အီတလီအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဂီယန်ပီရိုဗန်တူရာဟာ အောင်မြင်မှု တစ်စုံတစ်ရာမရယူပေးနိုင်ခဲ့ခြင်းမရှိဘဲ မှားယွင်းတဲ့ နည်းဗျူဟာ၊ မေးခွန်းထုတ်စရာကောင်းတဲ့ ပွဲထွက်လူစာရင်းတွေကို အသုံးပြုပြီး အီတလီအသင်းကို သမိုင်းဝင် ရှုံးနိမ့်မှုတွေ ကြုံတွေ့စေခဲ့တဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။

Source & Photos: BR

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD