play

 

ယနေ့နံနက်က Play-off ဒုတိယအကျော့ပွဲစဉ်အဖြစ် ဆန်စီရိုကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီအသင်းနဲ့ ဆွီဒင်အသင်းတို့ရဲ့ပွဲစဉ်မှာ ဆွီဒင်အသင်းက နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို တက်ရောက်နိုင်ခဲ့ပါတယ်။

play

 

ပွဲအပြီးမှာ နှစ်ဖက်ကစားသမားအချင်းချင်း အပြန်အလှန်နှုတ်ဆက်ခဲ့ကြပြီး ဆွီဒင်အသင်းသားတွေဟာ ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့တဲ့အတွက် အောင်ပွဲခံရာမှာ ကွင်းဘေးမှာရှိနေတဲ့ တိုက်ရိုက်သတင်းစီစဉ်တင်ဆက်သူတွေရဲ့ စားပွဲကို ပျက်စီးစေတဲ့အထိ အလွန်အကျွံအောင်ပွဲခံခဲ့ပြီး သတင်းတင်ဆက်သူတွေကိုလည်း ဆွဲလွဲခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

play

 

အီတလီအသင်းရဲ့ပရိသတ်တွေဟာ တွစ်တာမှာ နည်းပြဟောင်း ကွန်တီကို ပြန်လည်နည်းပြစေလိုကြောင်း ရေးသားခဲ့ကြပါတယ်။ ဆွီဒင်အသင်းဟာ အီတလီမြေမှာ ဂိုးမပေးရအောင် အစွမ်းကုန်ကြိုးစားခဲ့ကြပြီး အီတလီအသင်းရဲ့နည်းပြ လူထုတ်ပုံမှားယွင်းမှုကလည်း ဆွီဒင်အသင်းအတွက် ကံကောင်းသွားစေခဲ့ပါတယ်။

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video