AD
AD
AD

အင်္ဂလန်အသင်းရဲ့ နိုင်ငံတကာ ခြေစမ်းပွဲလူစာရင်းမှာ ထည့်သွင်းခေါ်ယူထားတဲ့ လူငယ်ကစားသမားတွေအတွက် ကြောက်ရွံ့ခြင်း လုံးဝ မရှိဘူးလို့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ထုတ်ဖော်ပြောလိုက်ပါတယ်။

play

 

အသက် ၂၁ နှစ်အောက်ကစားသမား ၃ဦးကို ဘရာဇီးအသင်းနဲ့ခြေစမ်းမဲ့ပွဲအတွက် နည်းပြဆောက်ဂိတ်က ရွေးချယ်ခဲ့တာ ဖြစ်ပြီး အဆိုပါ လုပ်ရပ်အတွက် နောင်တရနေမှာ မဟုတ်ဘူးလို့လည်း ၎င်းက ဆိုခဲ့ပါတယ်။

 

"သူတို့လေးတွေ ထရိန်နင်မှာ အရမ်းကြိုးစားတယ်။နောက်ပြီး တစ်ကယ်ထက်မြက်တဲ့ လူငယ်ကစာားသမားတွေပါ။ဒါကြောင့်အခွင့်အရေးပေးခဲ့တာပါ။" လို့ ဆောက်ဂိတ်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ဘရာဇီးနဲ့ပွဲမှာလည်းအသင်းခေါင်းဆောင်အဖြစ် အဲရစ်ဒိုင်ယာက ဆက်လက်တာဝန်ယူသွားမယ်လို့ အတည်ပြုပေးခဲ့ပြီး ၀က်ဟမ်းအသင်းမှာ ကစားနေတဲ့ ဂိုးသမား ဂျိုးဟတ်ကိုလည်း ပြန်လည်ပွဲထုတ်မယ်လို့ သိရပါတယ်။

အဲဗာတန်အသင်းမှ ဂျော်ဒန်ပစ်ဖို့ဒ်ကိုလည်း ပြန်လည်ခေါ်ယူထားကာပဲလေ့စ်မှ လော့ဖ်တပ်ချက်ခ်နဲ့ ဆွမ်ဆီးမှ တိုက်စစ်မှူး အေဗရာဟင်တို့ကိုလည်း ပထမဆုံးအကြိမ် လူစာရင်းမှာ ထည့်သွင်းလာတယ်လို့ သိရပါတယ်။

နောက်ထပ် ကစားသမားများဖြစ်ကြတဲ့ လီဗာပူးနောက်ခံလူ ဂျိုးဂိုမက်နဲ့ ဘန်လေ ကွင်းလယ်လူ ဂျက်ကော့တို့ကိုလည်း ပထမဆုံးအကြိမ် ပွဲထွက်စေမယ်လို့ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ လီဗာပူးတိုက်စစ်မှူး ဆိုလန်ကီ၊ဘုန်းမောက်ကွင်းလယ်လူ ကော့နဲ့ နောဝှစ် နောက်ခံလူ ဂန်းတို့ကို ယူကရိန်းကို အနိုင်ရခဲ့တဲ့ ယူ၂၁ ပွဲအပြီးမှာစီနီယာအသင်းလူစာရင်းမှာ ထည့်သွင်းခဲ့ခြင်းနဲ့ပက်သက်ပြီး အခုလို ဝေဖန်မှုတွေထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆောက်ဂိတ်က ၎င်းအနေနဲ့ အခုလို လုပ်ရပ်အတွက် နောင်တရနေမှာ မဟုတ်သလို ကြောက်ရွံ့နေမှာလည်း မဟုတ်ဘူးလို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ဂျာမနီအသင်းကို ၀င်ဘလေမှာ ရင်ဆိုင်ခဲ့တဲ့ ပွဲမှာလည်း လူငယ်ကစားသမားအများစုကို ရဲရဲတင်းတင်းထုတ်သုံးသွားခဲ့ပြီး ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD