International Sports: ၂၀၁၈ ကမ္ဘာ့ဖလားသို့ သွားရာလမ်းကို ပြန်လည်ငေးမောကြည့်ခြင်း

လက်ကျန် ၃ နေရာစာအတွက်ကိုတော့ သြစတြေးလျနဲ့ ဟွန်ဒူးရပ်စ်၊ပီရူးနဲ့ နယူးဇီလန်၊အိုင်ယာလန်နဲ့ ဒိန်းမတ်တို့ အပြိုင်လုရမှာလည်း ဖြစ်ပါတယ်။

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မယ့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီဖြစ်တဲ့ အသင်းများထွက်ပေါ်လာခဲ့ပြီဖြစ်သလို ၀င်ရောက်ခွင့်မရခဲ့တဲ့ အသင်းတွေလည်း ရှိခဲ့ပြီး ဘောလုံးပရိသတ်များထင်မှတ်မထားတဲ့ အသင်းတွေ ကျန်ရစ်ခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

play

 

လက်ရှိမှာ လက်ကျန် ၃ နေရာစာအတွက်ကိုလည်း အာရှဇုန်၊သမုဒ္ဒရာပိုင်းဇုန်၊ဥရောပဇုန်၊ကွန်ကာကပ်ဇုန်တို့မှ အသင်းတွေ လုရမှာလည်း ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ အိမ်ရှင်လုပ်မယ့် ရုရှားအသင်းမှာ ကမ္ဘာ့အဆင့် ၆၅ မှာရှိနေတာကြောင့် အနိမ့်ဆုံး ရှုံးထွက်အဆင့်ကိုမှ မတက်လှမ်းနိုင်ခဲ့ဘူးဆိုရင်တော့ ဒါဟာ ကျရှုံးမှုတစ်ရပ်ပဲလို့ ဆိုရမှာပါ။

play

 

ကမ္ဘာ့ဖလားဝင်ခွင့်ကို လွတ်လွတ်ကျွတ်ကျွတ်ရယူနိုင်ခဲ့တဲ့ အသင်းကြီးတွေကတော့ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဘွဲ့ကို ကာကွယ်မယ့် ဂျာမနီ၊ခြေစစ်ပွဲနောက်ဆုံးအဆင့်မှာ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် တိုက်ရိုက်ဝင်ခွင့်ရခဲ့တဲ့ အာဂျင်တီးနား၊ဘရာဇီးနဲ့ ပေါ်တူဂီအသင်းတို့ပဲ ဖြစ်ပါတယ်။

 

ဒါ့အပြင် ဥရောပရဲ့ နောက်ထပ်အင်အားကြီးအသင်းတွေဖြစ်တဲ့ ပြင်သစ်၊စပိန်၊အင်္ဂလန်၊တောင်အမေရိကန်တိုက်ရဲ့ ဥရုဂွေး၊ကိုလံဘီယာနဲ့ အာရှတိုက်မှ ဂျပန်၊တောင်ကိုရီးယားတို့ဟာလည်း ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂၀၀၆ ခုနှစ်က ကမ္ဘာ့ဖလား ချန်ပီယံကြီး အီတလီအသင်းကတော့ ယခုတစ်ကြိမ်အတွက် ၀င်ခွင့်လက်မှတ်ကို အံ့အားသင့်ဖွယ် ဆုံးရှုံးခဲ့ရပါတယ်။ဒါဟာ နှစ်ပေါင်း ၆၀ အတွင်းမှာ ပထမဆုံးအကြိမ် ၀င်ခွင့်လက်မှတ် မရရှိခဲ့

တာလည်း ဖြစ်ပါတယ်။သူတို့ရဲ့ ၀င်ခွင့်လက်မှတ်ကိုတော့ ဆွီဒင်အသင်းက လုယူသွားခဲ့တာလည်း ဖြစ်ပါတယ်။ဒီဖြစ်ရပ်ဆိုးနဲ့အတူ အီတလီရဲ့ သက်ရှည် ဂိုးသမားကြီး ဘူဖွန်ဟာလည်း နိုင်ငံလက်ရွေးစင်ကစားသမာဘ၀ကနေ အနားယူခဲ့ပါပြီ။

play

 

နောက်ထပ် အသင်းကြီးတစ်သင်းကလည်း အီတလီလို ၀င်ခွင့်လက်မှတ်ဆုံးရှုံးခဲ့တာပါပဲ။သူကတော့ ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောက် နယ်သာလန်အသင်းပဲ ဖြစ်ပါတယ်။နယ်သာလန်အသင်းဟာ ကမ္ဘာ့ဖလားကို သမိုင်းတစ်လျှောက်

မဆွတ်ခူးနိုင်ပေမယ့် ၁၉၇၃၊၁၉၇၈နဲ့ ၂၀၁၀ခုနှစ်တွေမှာ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။

play

 

ဒီနှစ်မှာ ဥရောပရဲ့ အံ့အားသင့်လောက်အောင်တိုးတက်လာတဲ့ ဘယ်လ်ဂျီယံအသင်းကလည်း ဟာဇက်၊လူကာကူ၊ဒီဘရိုင်းတို့ရဲ့ တွဲဖက်မှုတွေနဲ့ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ ဘယ်လေက်ထိ လုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေတာကလည်း အမှန်ပါပဲ။

play

 

ပိုလန်၊ဆားဘီးယားနဲ့ ဆွစ်ဇာလန်တို့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို အမီလိုက်နိုင်ခဲ့ပါတယ်။

၁၉၉၄ ခုနှစ်ကတည်းက ကမ္ဘာ့ဖလားကို ၁၆ သင်းအဆင့် အမြဲတမ်းလိုလို တက်ရောက်နိုင်ခဲ့တဲ့ မက္ကဆီကိုနဲ့အတူ ကော်စတာရီကလည်း ၅ ကြိမ်မြောက်တက်လှမ်းခဲ့ပါတယ်။

 

အာရှရဲ့ ထိပ်တန်းအသင်းတွေဖြစ်တဲ့ ဆော်ဒီနဲ့ အီရန် အသင်းတွေကလည်း နာမည်ကြီး သြစတြေးလျအသင်းကို နောက်ကောက်ချပြီး ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

အာဖရိကရဲ့ ကမ္ဘာ့ဖလား သူရဲကောင်းတွေအဖြစ် ဆီနီဂေါ၊နိုင်ဂျီးရီးယား၊မော်ရိုကို၊တူနီးရှားနဲ့ အီဂျစ်အသင်းတို့ကလည်း ဒီကမ္ဘာ့ဖလားပြိုင်ပွဲကို လာပြိုင်ကြမှာပါ။

၁၉၉၀ကတည်းက ပါဝင်နိုင်ခဲ့တဲ့ အမေရိကန်ကလည်း ထရီဒက်ကို ရှုံးခဲ့တာကြောင့် ကမ္ဘာ့ဖလားပွဲကို တီဗီကနေပဲ အားပေးရတော့မှာပါ။ဒါ့အပြင် နာမည်ကြီး ချီလီအသင်းလည်း ထိုနည်းလည်းကောင်းပါပဲ။

သူတို့လိုပဲ ပုံမှန် ကမ္ဘာ့ဖလားဝင်ခွင့်ရနေခဲ့တဲ့ အာဖရိက သူရဲကောင်းအသင်းတွေဖြစ်တဲ့ အိုင်ဗရီကို့စ်နဲ့ ဂါနာအသင်းတွေဟာလည်း ဒီနှစ်မှာ အာဖရိက ဂုဏ်ကို မြှင့်တင်နိုင်ဖို့ အီဂျစ်နဲ့ မော်ရိုကိုအသင်းတွေထံ တာဝန် လွှဲပေးခဲ့ရပြန်ပါတယ်။

ဒီကြားထဲမှာ အားလုံးသတိထားမိလောက်အောင် ခြေစွမ်းမြင့်မားခဲ့တဲ့ အိုက်စလန်အသင်းဟာလည်း ဥရောပပြိုင်ပွဲမှာသာမက ကမ္ဘာ့ဖလားမှာပါ နောက်ထပ် အံ့အားသင့်မှုတွေ ပေးအုံးမလားဆိုတာအပါအ၀င် လူဦးရေ ၄ သန်းလောက်သာ

ရှိတဲ့ ပနားမား အသင်းဟာလည်း အိုစလန်နည်းတူ ကမ္ဘာ့ဖလားမှာအံ့အားသင့်စရာတွေ ပြလာမှာလား။

လက်ကျန် ၃ နေရာစာအတွက်ကိုတော့ သြစတြေးလျနဲ့ ဟွန်ဒူးရပ်စ်၊ပီရူးနဲ့ နယူးဇီလန်၊အိုင်ယာလန်နဲ့ ဒိန်းမတ်တို့ အပြိုင်လုရမှာလည်း ဖြစ်ပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ