ယနေ့ နံ့နက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အိုင်ယာလန်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်တွင် ဧည့် သည် ဒိန်းမတ်အသင်းက ၅-၁ ဂိုးနဲ့ အနိုင်ရရှိကာ ၂၀၁၈ ခုနှစ် ရုရှားနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို သွားခွင့်လက်မှတ် ရရှိခဲ့ပါ ပြီ။

play

 

ပထမအကျော့ ဒိန်းမတ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့စဉ်က ဂိုးမရှိ သရေ သရေကျခဲ့ပြီး ယခုတစ်ကြိမ်မှာတော့ ဒိန်းမတ်အသင်းက အနိုင်ရရှိ ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အိုင်ယာလန်အသင်းအနေနဲ့ အိမ်ကွင်းမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒိန်းမတ်အသင်းကို ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရတာ ကြောင့် အခုလို ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒိန်းမတ်အသင်းအတွက် အဆိုပါ ပွဲတွင် ကွင်းလယ်လူ အဲရစ်ဆင်က ဟက်ထရစ်သွင်းယူပေးခဲ့ကာ အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ပါ တယ်။

ဒိန်းမတ်အသင်းအနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တာကြောင့် ၁၆ နှစ်အတွင်း ၃ ကြိမ်မြောက် ခြေစစ်ပွဲအောင်မြင်ခဲ့တာလည်း ဖြစ်ပါ တယ်။

၂၀၁၄ ခုနှစ် ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲမအောင်ခဲ့ပဲ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါ တယ်။ ၂၀၀၆ မှာတော့ မအောင်ခဲ့ပဲ ၂၀၀၂ မှာတော့ ၁၆ သင်းရှုံးထွက်အဆင့်ထိ တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒိန်းမတ်အသင်းအနေနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အသင်း ၃၀ မြောက် ခြေစစ်ပွဲအောင်မြင်တဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video