AD
AD
AD

ရီးရဲ မက်ဒရစ်အသင်းရဲ့ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒိုက ရာသီကုန်လျှင် အသင်းက ထွက်ခွာတော့မယ်လို့ ဆုံးဖြတ်ချက်ချက်လိုက်ပြီ ဖြစ်ပါတယ်။

play

 

အဆိုပါ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ အသင်းမှ ထွက်ခွာဖို့အတွက် အသင်း ဥက္ကဋ္ဌ ပီရက်ဇ်ကိုလည်း အသိပေးပြီးသွားပြီလို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းက ရီးရဲအသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့မှုကို ရော်နယ်ဒိုအနေနဲ့ ပယ်ချခဲ့ပြီးနောက် ရော်နယ်ဒိုက ယခုလို ဆုံးဖြ တ်လိုက်တာလည်း ဖြစ်ပါတယ်။

"ကျွန်တော် နောက်ထပ်စာချုပ်တွေ မလိုအပ်တော့ပါဘူး။လက်ရှိကျွန်တော့်မှာ အကောင်းဆုံးစာချုပ်တစ်ရပ် ရှိနေပါပြီ။" လို့ မပွင့်တစ်ပွင့် ထုတ်ဖော်ပြောခဲ့ပါတယ်။

ရီးရဲအသင်းကနေ ရော်နယ်ဒိုထွက်ခွာဖို့ ဆုံးဖြတ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ရော်နယ်ဒိုအနေနဲ့ မက်ဒရစ်မှာ မပျော်တော့သလို ကိုင်လီမက်ပီခေါ်ယူရာမှာလည်း ပီအက်ဂျီအသင်းထံ လက်လွှတ်ခဲ့ရတာကို မကျေမနပ်ဖြစ်နေတဲ့

အတွက်တွေကြောင့်လို့ သိရပါတယ်။

လက်ရှိမှာ ရော်နယ်ဒိုအနေနဲ့ နောက်ဆုံးကစားထားတဲ့ ၄ ပွဲမှာ ၁ ဂိုးသားသွင်းယူပေးထားနိုင်ခဲ့ကာ အသင်းဖော် အစ္စကိုကိုလည်း အလွန်အကျူးအောင်ပွဲခံခဲ့တာနဲ့ ပက်သက်ပြီး မကျေမနပ်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD