AD
AD
AD

မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ဂျီရီးယား အသင်းနဲ့ နိုင်ငံတကာခြေစမ်းပွဲ ပထမပိုင်းအပြီးမှာ အာဂျင်တီးနားအသင်းရဲ့ တိုက်စစ်မှူးအဂူရို အ၀တ်လဲခန်းအတွင်း အတက်ရောဂါ ဖောက်ခဲ့လို့ ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

play

 

"သူဟိုတယ်ကို ပြန်ပြီးအနားယူနေပါပြီ။အတက်ဝေဒနာကြောင့် အနည်းငယ်မူးဝေနေခဲ့တာကြောင့် ဟိုတယ်ကို ပြန်လွှတ်ပြီး အနားယူခိုင်းလိုက်ပါပြီ။" လို့ အာဂျင်တီးနား မန်နေဂျာက ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းရဲ့ ဖော်ပြချက်မှာတော့ -" ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ ကလပ်အသင်းကို ပြန်လာနေပါပြီ။ဖြစ်ဖြစ်ချင်းမှာလည်း သတိလက်လွတ်ဖြစ်မနေခဲ့ပါဘူး။ဆေးကုသမှု ခံယူပြီးလို့ အနားယူခိုင်းထားပါတယ်။ အသင်းရဲ့ ဆေးအဖွဲ့နဲ့ ထပ်မံ စစ်ဆေးမှု ခံယူပြီး လက်စတာစီးတီးနဲ့ပွဲအတွက် အဆင်သင့်ဖြစ်မဖြစ် ထပ်မံ အတည်ပြုသွားမှာပါ။" လို့ ထုတ်ပြန်ထားပါတယ်။

 

အဂူရိုအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းကလည်း ကားအက်စီးဒင့်ကြောင့် မန်စီးတီးအသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ထားခဲ့ရပါတယ်။

အဂူရိုအနေနဲ့ နိုင်ဂျီးရီးယားအသင်းကို ၂-၄ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲတွင် အသင်းအတွက် တစ်ဂိုးသွင်းယူပေးထားခဲ့သူဖြစ်ပြီး အာဂျင်တီးနား အသင်း သမိုင်းတစ်လျှောက် တတိမြောက် ဂိုးအများဆုံးသွင်းသူလည်း ဖြစ်ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD