AD
AD
AD

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြ ဆောက်ဂိတ်က လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် အရမ်းကို ဂုဏ်ယူနေတယ်လို့ ထုတ်ဖော်ပြောကြားမှုတစ်ရပ်ကို ဘရာဇီးနဲ့ သရေကျခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲအပြီးမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

play

 

ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲမှာ ဆောက်ဂိတ်အနေနဲ့ ရလဒ်ပိုင်းထက် လူငယ်တွေ အတွက် အတွေ့အကြုံကောင်းရရှိနိုင်စေရေးကို ဦးစာပေးကာ လက်ရှိကမ္ဘာ့ချန်ပီယံနဲ့ ကမ္ဘာ့ဖလားအအောင်မြင်ဆုံးအသင်းတွေကို ရင်ဆိုင်ခဲ့ရာမှာ ရလဒ်ကောင်းထွက်ပေါ်လာခဲ့မှုအပေါ် လူငယ်တွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးဂုဏ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

play

ဆောက်ဂိတ်က-" အဓိကကတော့ လူငယ်တွေကို အတွေ့အကြုံရစေချင်တာပါ။ကြီးမားတဲ့ အခက်အခဲကို ရင်ဆိုင်ရပြီးနောက်မှာ အခက်အခဲတွေက သိပ်မခက်တော့သလိုခံစားမှုမျိုးကို ကျွန်တော်ပေးချင်တာပါ။အခုရင်ဆိုင်ခဲ့ရတာ လက်ရှိချန်ပီယံနဲ့ အအောင်မြင်ဆုံးအသင်းပါ။ဒိထက်ခက်ခဲတဲ့ ပြိုင်ဘက် ရှိနိုင်ပါအုံးမလား။အခက်အခဲကြားမှာ သူတို့တွေ ရုန်းထွက်ပြနိုင်တာကိုတော့ မလေးစားပဲ၊ဂုဏ်မယူပဲ မနေနိုင်တာ ၀န်ခံပါတယ်။အဲ့လောက် ထင်မထားတာလည်း အမှန်ပါ။

play

 

ဒီညမှာ ကျွန်တော့ကလေးတွေ တစ်ယောာက်ကိုတစ်ယောက် နားလည်မှုကောင်းတွေ တည်ဆောက်ပြနိုင်ခဲ့တာ အနာဂတ်အတွက် အမြတ်ပါပဲ။သူတို့အတွက် အရမ်းကိုဂုဏ်ယူပါတယ်။" လို့ ဆောက်ဂိတ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

ဆောက်ဂိတ်အနေနဲ့ ဘရာဇီးနဲ့ပွဲမှာ ဂျာမနီနဲ့ပွဲက လူစာရင်းကို ၅ နေရာစာလောက် အပြောင်းအလဲ ပြုလုပ်ကစားခဲ့သလို ဂျိုးဂိုးမက်နဲ့ ဒေါမနစ် ဆိုလန်ကီတို့ကိုလည်း နိုင်ငံအသင်းအတွက် ပထမဆုံး ပါဝင်ကစားခွင့်ပေးခဲ့ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD