ဂျပန်နဲ့ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ လူကာကူမှာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်း သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

play

 

မူလက မက္ကဆီကိုကို ၃--၃ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူပြီး သွင်းဂိုး ၃၀ ပြည့်မြောက်ခဲ့တာကြောင့် ဘယ်လ်ဂျီယံ ကစားသမားဟောင်း ဘားနတ် ဗောဟုဖ်နဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပူးတွဲရပ်တည်နေနိုင်ခဲ့တာ ဖြစ်ပါတယ်။

play

လက်ရှိမှာတော့ လူကာကူအနေနဲ့ နောက်ထပ် တစ်ဂိုးထပ်မံ သွင်းယူနိုင်ပြီဖြစ်တာကြောင့် သွင်းဂိုး ၃၁ ဂိုးရရှိခဲ့ကာ ဘယ်လ်ဂျီယံအသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

 

လူကာကူမှာ ယခုနှစ်ရာသီတွင် အဲဗာတန်အသင်းမှ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ရာသီအစမှ ခြေစွမ်းပြကစားကာ ဂိုးတွေသွင်းယူနိုင်ခဲ့သော်လည်း နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာတော့ သွင်းဂိုးတွေ ရယူပေးနိုင်ခြင်း မရှိတော့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ နိုင်ငံအသင်းအတွက် ၂ ပွဲဆက် ဂိုးတွေသွင်းယူပေးကာ ဂိုးသွင်းအများဆုံးစံချိန်ကို တင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Postby

 

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video