ယနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ သြစတြေးလျအသင်းနဲ့ ဟွန်ဒူးရပ်စ်အသင်းတို့ရဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်တွင် သြစတြေးလျအသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်း ရလဒ် ၃-၁ ဂိုးနဲ့ အာရှတိုက်ရဲ့ ပဉ္စမမြောက် ကမ္ဘာ့ဖလားဝင်ခွင့်ရအသင်းဖြစ်လာခဲ့ပါတယ်။

play

 

ပထမအကျော့ ဟွန်ဒူးရပ်စ်မြေမှာ ကစားစဉ်က ဂိုးမရှိသရေကျထားတာကြောင့် ယခုတစ်ကြိမ် အိမ်ကွင်းပွဲစဉ်မှာ အခွင့်အရေးအားသာချက်ကို အပြည့်အ၀ အသုံးချနိုင်ခဲ့တဲ့ သြစတြေးလျအသင်းအနေနဲ့ လိုချင်တဲ့ လက်ကျန် ကမ္ဘာ့ဖလားဝင်ခွင့်ကိုရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ယခုပွဲမှာ သြစတြေးလျအသင်းအတွက် အဖိုးတန်အနိုင်ဂိုးတွေကိုတော့ ကွင်းလယ်လူ ဂျီဒီနက်ခ်က ပင်နယ်တီ သွင်းဂိုးနှစ်ဂိုးအပါအ၀င် တစ်ဦးတည်း ၃ ဂိုးသွင်းကာ ဟက်ထရစ်ရယူသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဟွန်ဒူးရပ်စ်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ဖီဂူရာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

play

 

သြစတြေးလျအသင်းအနေနဲ့ ဟွန်ဒူးရပ်စ်အသင်းကို  အနိုင်ရခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာရှတိုက်မှ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့အသင်း ၅ သင်းအထိ ရှိလာခဲ့ပြီဖြစ်ကာ ဂျပန်၊တောင်ကိုရီးယား၊အီရန်၊ဆော်ဒီနဲ့ သြစတြေးလျအသင်းတို့ ဖြစ်ပါတယ်။

 

ဒါ့အပြင် သြစတြေးလျအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်ဆက်ဝင်ရောက်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

Postby

Photos- Getty Image

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video