ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့်ခြေစစ်ပွဲ Play-Off ဒုတိယအကျော့ပွဲစဉ်တွင် အိမ်ရှင်ပီရူးအသင်းက နယူးဇီလန်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၂-၀ ဂိုးနဲ့ပင်အနိုင်ရရှိခဲ့ပါတယ်။

play

 

ယင်းကဲ့သို့ အနိုင်ရရှိခဲ့တာကြောင့် ပီရူးအသင်းအနေနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို နှစ်ပေါင်း ၃၂ နှစ်အကြာမှာ ပထမဆုံးအကြိမ် ၀င်ခွင့်ပြန်လည်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ပီရူးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်း ပွဲကစားချိန် ၂၈ မိနစ်မှာ ဖာဖန်ကလည်းကောင်း၊ဒုတိယပိုင်း ၆၅ မိနစ်မှာ ရာမို့စ်ကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 

ပီရူးအသင်းအနေနဲ့ တောင်အမေရိကန်ဇုန်မှခြေစစ်ပွဲ Play-Off အဆင့်ကို ကစားခွင့်ရခဲ့တာဖြစ်ပြီး သမုဒ္ဒရာပိုင်းဇုန်မှ နယူးဇီလန်အသင်းနဲ့ ခြေစစ်ပွဲနောက်ဆုံးအဆင့်ကို ကစားရကာ ယခုလို ခြေစစ်ပွဲအောင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပီရူးအသင်းလည်း ခြေစစ်ပွဲအောင်ခဲ့ပြီဖြစ်တာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ အပြီးသတ် ၃၂ သင်းစာရင်းမှာလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား ၀င်ရောက်ခွင့်ရခဲ့တဲ့အသင်းတွေကတော့- အိမ်ရှင်ရုရှားအပါအ၀င် အာရှတိုက်မှ ဂျပန်၊တောင်ကိုရီးယား၊အီရန်၊ဆော်ဒီအာရေဗျနဲ့ သြစတြေးလျအသင်းတို့ဖြစ်ပါတယ်။ဥရောပဇုန်ကအသင်းတွေအဖြစ် ဘယ်လ်ဂျီယံ၊ဂျာမ

နီ၊ဆားဘီးယား၊အင်္ဂလန်၊စပိန်၊ပိုလန်၊အိုက်စလန်၊ပေါ်တူဂီ၊ပြင်သစ်၊ဆွစ်ဇာလန်၊ခရိုအေးရှား၊ဆွီဒင်၊ဒိန်းမတ်အသင်းတို့ဖြစ်ပါတယ်။တောင်အမေ ရိကတိုက်မှ ဘရာဇီး၊အာဂျင်တီးနား၊ဥရုဂွေး၊ကိုလံဘီယာနဲ့ ပီရူးအသင်းတို့ ခြေစစ်ပွဲအောင်လာခဲ့ပါတယ်။

မြောက်အမေရိကတိုက်မှာတော့ ပနားမား၊ကော်စတာရီကာ၊မက္ကဆီကိုအသင်းတို့ခြေစစ်ပွဲအောင်လာခဲ့ပါတယ်။အာဖရိကတိုက်မှ ခြေစစ်ပွဲအောင်လာတဲ့အသင်းတွေကတော့ နိုင်ဂျီးရီးယား၊ဆီနီဂေါ၊အီဂျစ်၊မော်ရိုကိုနဲ့တူနီးရှားအသင်းတွေဖြစ်ပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video