AD
AD
AD

၂၀၁၈ ရုရှား ကမ္ဘာ့ဖလားကို ၀င်ခွင့်ရရှိထားတဲ့ အင်္ဂလန်အသင်းအနေနဲ့ လက်ရှိမှာ ခြေစမ်းပွဲများကို ယှဉ်ပြိုင်ကစားနေပြီး လူငယ်အများစုနဲ့ ဖွဲ့စည်း ယှဉ်ပြိုင်လျက်ရှိနေပါတယ်။

play
အာဆင်နယ်အသင်းမှ တိုက်စစ်မှူး ၀ဲလ်ကော့

 

လက်ရှိမှာ ရလဒ်ကောင်းများကိုလည်း ပိုင်ဆိုင်ထားပြီး ကလပ်အသင်းများနဲ့အတူ ပွဲထွက်ခွင့်မရဖြစ်နေတဲ့ စီနီယာ လက်ရွေးစင်ကစားသမားအချို့ လက်ရွေးစင် လူစာရင်းမှ ချန်လှပ်ခံခဲ့ရနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

play
လီဗာပူးတိုက်စစ်မှူး စတားရစ်ခ်ျ

 

လက်ရှိ အင်္ဂလန် နည်းပြ ဆောက်ဂိတ်ရွေးချယ်ထားတဲ့ လူစာရင်းမှာ အသက် ၂၅ နှစ်အောက် ကစားသမား အများစု ပါဝင်နေပြီး အတွေ့အကြုံပိုင်းအရ အားနည်းမှုများရှိနေပေမယ့်လည်း ခြေစွမ်းပိုင်း မြင့်မားကြတာကြောင့် ဆောက်ဂိတ်ကနေရာပေးချင်နေတာလည်း ဖြစ်ပါတယ်။

play
မန်ယူနောက်ခံလူ စမောလင်း

 

 

၎င်းတို့ ပါဝင်ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာလည်း ကမ္ဘာ့ချန်ပီယံအသင်းတွေဖြစ်တဲ့ ဂျာမနီနဲ့ ဘရာဇီးတို့ကို သရေ ကစားနိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

play
အာဆင်နယ် ကွင်းလယ်ကစားသမား ၀ီးလ်ရှိုင်းယား

 

သတင်းတွေမှာတော့ လက်ရွေးစင် စီနီယာ ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ စမောလင်း၊ကွင်းလယ်ကစားသမား ၀ီးလ်ရှိုင်းယား၊တိုက်စစ်မှူးများဖြစ်တဲ့ ၀ဲလ်ဘတ်၊၀ဲလ်ကော့နဲ့ စတားရစ်ခ်ျတို့မှာတော့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းမှာ ပါဝင်ဖို့ မသေချာတော့ဘူးလို့ ဖော်ပြလာကြပါတယ်။

play
အာဆင်နယ်တိုက်စစ်မှူး ၀ဲလ်ဘတ်

အဓိက အကြောင်းရင်းကတော့ အဆိုပါ ကစားသမားများမှာ သက်ဆိုင်ရာ ကလပ်အသင်းများမှာ ပွဲထွက်ကစားခွင့်ဆုံးရှုံးနေသလို ခြေစွမ်းပိုင်းအရလည်း အားရစရာ မရှိပဲ ကျဆင်းနေကြတဲ့ လက္ခဏာတွေကြောင့်လို့လည်း သုံးသပ်ဖော်ပြနေကြပါတယ်။

 

ဒါပေမယ့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းရွေးချယ်ရခြင်း မရှိသေးတာကြောင့်လည်း ကစားသမားတွေအနေနဲ့ အခွင့်အရေး ရှိနေသေးတာလည်း ဖြစ်ပါတယ်။

Postby

Source-The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD