play

 

ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာအသင်းကနေ မပြောင်းရွှေ့မီမှာ ပီအက်စ်ဂျီအသင်းထံ မရောင်းချဖို့အတွက် တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

play

 

နေမာရဲ့ဖခင်ဖြစ်သူက သားဖြစ်သူ နေမာကို လီဂူးဝမ်းကို ပြောင်းရွှေ့ဖို့ တွန်းအားပေးခဲ့ပြီး လူတွေအားလုံးရဲ့ အာရုံစိုက်မှု ခံရစေချင်တဲ့အတွက် ပြောင်းရွှေ့စေလိုခဲ့တာလို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ စပိန်ဘောလုံးရေးရာလေ့လာဆန်းစစ်သူ မားကို့စ်လိုပက်က မာကာကို "နေမာအနေနဲ့ မက်ဆီကို ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ်လို့ သွားပြီး မပြောခင် တစ်ရက်မှာ ပီကေးတင်လိုက်တာ ဒီမှာပဲဆက်နေမယ်ဆိုတဲ့ စာနဲ့ပတ်သက်ပြီး သူစိတ်ရှုပ်နေခဲ့တယ်"

"သူက သူ့အသင်းဖော်တွေနဲ့ပဲ နူးကမ့်မှာ နေချင်တယ်လို့ ပြောခဲ့ပါတယ်"

"သက်သေတွေရဲ့ပြောကြားချက်အရဆိုရင် နေမာဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့အတွက် ဘာစီလိုနာအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ သဘောတူညီမှုရတဲ့အချိန်မှာ ဥက္ကဌဘာတိုမြူကို မရောင်းချဖို့အတွက် ငိုပြီး တောင်းဆိုခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Postby

 

နေမာဟာ သူ့ရဲ့ဘာစီလိုနာအသင်းဖော်တွေကို သူ့ကို သတိရနေဖို့နဲ့ ပြန်လာခဲ့မယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video