play

 

ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီကို ဖုန်းနဲ့ ဆက်သွယ်ပြီး စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ သူ့အနေနဲ့ ဘလွန်းဒီအော်ဆုကို ၅ ကြိမ်မြောက် ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တယ်လို့ စပိန်နိုင်ငံက သတင်းအရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြင်သစ်မဂ္ဂဇင်းတစ်ခုရဲ့မျက်နှာဖုံးမှာ မက်ဆီကို ၂၀၁၇ ခုနှစ်အတွက် ဘလွန်းဒီအော်ဆုရှင်အဖြစ် ဂုဏ်ပြုထားတဲ့ပုံ ထွက်ပေါ်လာခဲ့တဲ့အတွက် ယခုလို ဖုန်းဆက်ခဲ့တာလို့ ယူဆရပါတယ်။

play

 

စပိန်သတင်းစာတစ်ခုဖြစ်တဲ့ Don Balon ရဲ့သတင်းအရ ခရစ်စတီယာနိုရော်နယ်ဒိုအနေနဲ့ ပြိုင်ဘက်ကစားသမား မက်ဆီထက်ပိုပြီး ရနိုင်ခြေရှိတယ်လို့ ဖုန်းဆက်ပြောကြားခဲ့ကြောင်း သိရပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယခုနှစ်မှာသာ ဘလွန်းဒီအော်ဆုကိုသာ ရရှိခဲ့မယ်ဆိုရင် မက်ဆီနဲ့ ဆုရရှိတဲ့အကြိမ်အရေအတွက် တူညီသွားမှာဖြစ်ပါတယ်။

Postby

ဆုရရှိတဲ့ကစားသမားကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ တရားဝင် ကြေညာသွားမှာဖြစ်ပြီး ပေါ်တူဂီအသင်းကို ဥရောပချန်ပီယံဖြစ်စေခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုအနေနဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ပါ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့အတွက် ပိုပြီး ရေပန်းစားနေတာဖြစ်ပါတယ်။

 

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video