AD
AD
AD
play

 

ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ သူ့အနေနဲ့ ကလေး ၇ ယောက်နဲ့ ဘလွန်းဒီအော်ဆု ၇ ကြိမ် ရရှိလိုတယ်လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ မကြာသေးမီက စတုတ္ထမြောက် ရင်သွေးကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး လာမယ့်ဒီဇင်ဘာ ၇ ရက်နေ့မှာ ကြေညာမယ့် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

play

 

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ လက်ရှိအချိန်အထိ လာလီဂါသွင်းဂိုး ၁ ဂိုးသာ သွင်းယူနိုင်သေးပြီး ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေပြီဆိုတဲ့ ဝေဖန်မှုတွေကို ခံနေရသူဖြစ်ပါတယ်။ ရော်နယ်ဒိုက L'Equipe နဲ့အင်တာဗျူးမှာ သူ့အနေနဲ့ လိဂ်ပြိုင်ပွဲအတွက် ဖြည်းဖြည်းနဲ့ မှန်မှန်စတင်နေကြောင်းနဲ့ အသင်းအတွက် ဂိုးထက်ပိုအရေးကြီးတဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"အခု ကျွန်တော်ရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီး ကောင်းမွန်တယ်လို့ ခံစားရပါတယ်။ ပျော်လည်း ပျော်ရွှင်နေပါတယ်။ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီး ကြိုးစားနေဖို့ပဲလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သိသိသာသာပိုကောင်းအောင် လုပ်နိုင်တာကြောင့်ပါ"

"ခင်ဗျားက ကျွန်တော့်ကို အချိန်တိုင်း ဂိုးတွေသွင်းနေတဲ့ ဂိုးသွင်းစက်အဖြစ်နဲ့မြင်တယ်။ အဲဒီလိုသာ မဟုတ်ခဲ့ဘူးဆိုရင် လူတွေက ကျွန်တော် ကောင်းကောင်းကစားနိုင်လား၊ မကစားနိုင်ဘူးလားဆိုတာကို ဂရုစိုက်မိကြမှာမဟုတ်ပါဘူး"

"ကျွန်တော့်ကို အမြဲတမ်း ဂိုးသွင်းနိုင်ခြင်း၊ မသွင်းနိုင်ခြင်းအပေါ်မှာ လူတွေက ဝေဖန်လေ့ရှိကြတယ်။ ဂိုးသွင်းတာက တစ်ခါတစ်လေမှာ အရမ်း အရေးကြီးတဲ့အရာတော့ မဟုတ်ပါဘူး"

Postby

 

"ဝေဖန်မှုတွေကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် သဘောတော့ မတူဘူး။ ဒါကြောင့် ကျွန်တော့်အကြောင်းရေးတာတွေကို ဖတ်တာ၊ ကျွန်တော့်အကြောင်း ပြောနေတာကို နားမထောင်ဘဲ ရှောင်ပါတယ်"

"ဒါပေမယ့် ကျွန်တော့်မှာ ရွေးချယ်စရာမရှိတော့ လက်သင့်ခံရမှာပဲ။ ကျွန်တော်ကမှ ကမ္ဘာကြီးကို မထိန်းချုပ်နိုင်တာ"

"ကျွန်တော် ကလေး ၇ ယောက်လောက်အထိ လိုချင်တယ်။ ဘလွန်းဒီအော်ဆုလည်း ၇ ကြိမ်လောက်ကို လိုချင်တယ်"

"ခုလိုပြောလို့ ၇ ကြိမ်လောက်မှာ ကျွန်တော့်ကြိုးစားမှုကို ရပ်တန့်လိုတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော် ကစားနေသရွေ့တော့ ကျွန်တော် ဆုတွေကို ရရှိနိုင်ပါသေးတယ်"

"ကျွန်တော့်အိပ်မက်က ဘလွန်းဒီအော်ဆုကို ၅ ကြိမ်မြောက်ရဖို့ပဲ။ နောက်နှစ်ကျရင်တော့ နောက် ၁ ကြိမ်ပေါ့"လို့ ပြောကြားသွားခဲ့ပါတယ်။

 

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD