AD
AD
AD
play

 

ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကစားသမား အာဒါတူရန်ဟာ နည်းပြ ဗယ်ဗာဒီရဲ့လူစာရင်းမှာ နေရာတစ်နေရာ ပေးစရာမရှိတော့တဲ့အတွက် ဘာစီလိုနာအသင်းက ထွက်ခွာခွင့်ပြုခဲ့ပေမယ့် ခေါ်ယူဖို့ ကမ်းလှမ်းတဲ့အသင်း မရှိသေးဘူးလို့ သိရပါတယ်။

play

 

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ အာဒါတူရန်ဟာ ၂၀၁၅ ခုနှစ်က အက်သလက်တီကိုအသင်းကနေ ဘာစီလိုနာအသင်းကို ယူရို ၃၄ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ဘုတ်အဖွဲ့ဟာ အာဒါတူရန်ရဲ့ ပြောင်းရွှေ့ကြေးအတွက် ပေါင် ၁၀ သန်းခန့် မျှော်လင့်နေပြီး အာဒါတူရန်ရဲ့အေးဂျင့်က လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ချောချောမွေ့မွေ့နဲ့ ထွက်ခွာနိုင်အောင် အဆင့်ဆင့် ကြိုးပမ်းနေတာဖြစ်ပါတယ်။

Postby

 

အာဒါတူရန်ရဲ့အသင်းဟောင်းဖြစ်တဲ့ ဂလာတာဆာရေးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့် အာဒါတူရန်နဲ့ မိသားစုတို့ဟာ ဖိအားတွေနဲ့ ဝေဖန်မှုတွေကြောင့် မိခင်မြေဖြစ်တဲ့ တူရကီကလပ်အသင်းဆီကို ပြန်မသွားဖို့ စဉ်းစားထားပါတယ်။

Source & Photos: AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD