ရီးရဲမက်ဒရစ်အသင်းရဲ့ အဓိက ကစားသမားများဖြစ်ကြတဲ့ ရော်နယ်ဒိုနဲ့ နောက်ခံလူ ရာမို့စ်တို့အကြားတွင် ပြဿနာတစ်စုံတစ်ရာ မရှိပါဘူးလို့ အသင်းနည်းပြ ဇီဒန်းက ထုတ်ဖော်ပြောလိုက်ပါတယ်။

play

 

ရော်နယ်ဒိုက မီဒီယာတွေကို ပြောခဲ့ချိန်မှာ- ရီးရဲအသင်းအနေနဲ့ ကစားသမားတွေ ထွက်ခွာသွားချိန်မှာ အချို့ကစားသမားတွေကို သတိရနေတယ်လို့ ထုတ်ဖော်ပြောခဲ့ပြီး ရာမို့စ်ကပြောကြားခဲ့ရာမှာတော့ ဘယ်သူ့ကိုမှ သတိရမနေပါဘူးလို့ ပြောခဲ့တာကြောင့် ၎င်းတို့ကြား နားလည်မှု လွဲနေမှု တစ်ခုခုရှိနေပြီလို့ မီဒီယာတွေက သုံးသပ်ဖော်ပြလာကြတာလည်း ဖြစ်ပါတယ်။

 

အဆိုပါအကြောင်းအရာနဲ့ ပက်သက်ပြီး ရီးရဲနည်းပြ ဇီဒန်းက ပြန်လည်ရှင်းလင်းပြောကြားထားရာမှာတော့-" တစ်ဖက်နဲ့တစ်ဖက် အကြောင်းအရာတွေကို ဖြေရှင်းဖို့လိုပါတယ်။

ကျွန်တော့်မှာရှိတဲ့ ဒီကစားသမားကောင်းနှစ်ယောက်မှာ ဘယ်သူက အသင်းနဲ့ သမိုင်းရေးထိုးမယ်၊ဒါမှ မဟုတ် နှစ်ယောက်စလုံးက ဘာအတွက် ကစားကြမယ်၊တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိမယ်၊ဒါတွေကိုတော့ ကောင်းစွာနားလည်ထားဖို့ လိုပါတယ်။ဆာဂျီယိုက တစ်ကယ်ကို စမတ်ကျတဲ့ ကစားသမားတစ်ယောက်ပါ။ခရစ္စတီယာနိုလည်း

ထိုနည်းလည်းကောင်းပါပဲ။သူတို့နှစ်ယောက်လုံး ထူးချွန်တဲ့သူတွေပါ။သူတို့အချိန်အကြာကြီး လက်တွဲလာနိုင်ခဲ့တယ်။အခုလို နားလည်မှု လွဲတာလောက်နဲ့တော့ သူတို့ကြားဘာမှ ပြဿနာ မရှိပါဘူး။" လို့ ပြောကြားခဲ့ပါတယ်။

ယနေ့ညမှာတော့ ရီးရဲအသင်းအနေနဲ့ မက်ဒရစ် ဒါဘီ ပွဲစဉ်အဖြစ် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရဖို့ ရှိနေပြီး ၎င်းတို့ နှစ်ယောက်စလုံးပွဲထွက်လာဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video