AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

play

 

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အိမ်ကွင်းမှာ ဂရစ်ဇ်မန်းကို တိုက်စစ်မှာ အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကလည်း တိုက်စစ်မှာ ဘန်ဇီးမားနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ တိုက်စစ်အတွဲကို အသုံးပြုခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက်အကြိတ်အနယ်ရှိခဲ့ကြပြီး ပွဲစတင်တင်ပြီး ၃ မိနစ်မှာ အက်သလက်တီကိုအသင်းရဲ့ တောင်ပံကစားသမား ကော်ရီရာ ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းခွင့်ရခဲ့ပေမယ့် အံ့အားသင့်လောက်အောင် လွဲချော်ခဲ့ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇယားထိပ်ဆုံးက ဘာစီလိုနာအသင်းနဲ့ အမှတ်ကွာဟနေတာကြောင့် ယနေ့ပွဲစဉ်မှာ အနိုင်ရရှိဖို့ ကြိုးစားပြီးကစားခဲ့တာကို တွေ့ရပါတယ်။ ပထမပိုင်း ၃၂ မိနစ်မှာ ခရစ်စတီယာနိုနဲ့ ခရူးစ်တို့ အပေးအယူလုပ်ပြီး အက်သလက်တီကိုအသင်းရဲ့ ပင်နယ်တီဧရိယာထဲမှာ ခရူးစ် ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးပေါက်နဲ့ အနည်းငယ်လွဲချော်ပြီး ဂိုးမရရှိခဲ့ပါဘူး။

Postby

၃၅ မိနစ်မှာ ပြစ်ဒဏ်ဘောကို ခရစ်စတီယာနိုရော်နယ်ဒိုက ကန်သွင်းခဲ့ပြီး အက်သလက်တီကိုအသင်းရဲ့ဂိုးသမား အော့ဘလက် လက်စွမ်းပြ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၄၆ မိနစ်မှာ နှာခေါင်းရိုးကျိုးသွားတဲ့ ရာမို့စ်ရဲ့နေရာမှာ နာချိုဖာနန်ဒက်စ်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။

play

ဒုတိယပိုင်း ၇၉ မိနစ်မှာ ကော်ရီရာရဲ့နေရာမှာ ဝင်ရောက်ကစားတဲ့ ဂမီရို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဂိုးသမား ကာဆီလာကို ကျော်ပြီး ကန်သွင်းခဲ့တဲ့ဘောလုံးကို ရီးရဲလ်နောက်ခံကစားသမား ဗာရာနီ ခေါင်းတိုက်ဖျက်ထုတ်နိုင်ခဲ့တာကြောင့် အက်သလက်တီကိုအသင်း ဂိုးရရှိဖို့ အခွင့်အရေးဆုံးရှုံးခဲ့ရပါတယ်။

 

ယနေ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့တိုက်စစ်အတွဲဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ ဘန်ဇီးမားတို့ ခြေစွမ်းမပြနိုင်ခဲ့ဘဲ နောက်ခံကစားသမားတွေ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် အက်သလက်တီကိုအသင်းကို ဂိုးမပေးခဲ့ရဘဲ သရေရလဒ်ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ရမှတ် ၂၄ မှတ်ချင်း တူညီနေပြီး ဇယားထိပ်ဆုံးမှာရှိနေတဲ့ ဘာစီလိုနာအသင်းနဲ့ ၁၀ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

Photos: AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD