play

 

ဗလင်စီယာအသင်းရဲ့ ကွင်းလယ်ကစားသမား ကားလို့စ်ဆိုလာဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူလာခဲ့ရင် အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ အသင်းကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက အင်တာမီလန်အသင်းရဲ့တောင်ပံကစားသမား ပါရီဆစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။ ယခုအချိန်မှာတော့ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဗလင်စီယာကွင်းလယ်ကစားသမားကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။

play

 

ကားလို့စ်ဆိုလာဟာ ဗလင်စီယာအသင်းရဲ့ပထမပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရကတည်းက အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့ပြီး ကွင်းလယ်ဖန်တီးရှင်အဖြစ်သာမက တောင်ပံကိုပါ ထွက်ကစားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

 

ကားလို့စ်ဆိုလာဟာ မကြာသေးမီကမှ ဗလင်စီယာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားတဲ့ကစားသမားဖြစ်ပြီး ယင်းစာချုပ်ထဲမှာ အသင်းကနေ ထွက်ခွာလိုရင် ပေါင် ၇၁ သန်း လျော်ကြေးအနေနဲ့ ခေါ်ယူမယ့်အသင်းက ပေးလျော်ရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းချုပ်ဆိုထားတာဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဗလင်စီယာအသင်းရဲ့ ဘဏ္ဍာရေးအခက်အခဲကို အခွင့်ကောင်းယူပြီး ကားလို့စ်ဆိုလာကို ပေါင် ၄၅ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဗလင်စီယာအသင်းရဲ့ကွင်းလယ်ကစားသမား ကားလို့စ်ဆိုလာကလည်း မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့သဘောတူညီထားပြီး အပြောင်းအရွှေ့ဈေးကွက်ဖွင့်တာနဲ့ ပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။

 

"ခင်ဗျားလည်း သိပြီးသားဖြစ်မှာပါ။ အခု ဗလင်စီယာအသင်းအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်"

"တချို့ကိစ္စတွေ ကျွန်တော် ဘာမှမသိထားပါဘူး။ တချို့ကိစ္စတွေကို ခုအချိန်မှာ စဉ်းစားနေမယ်ဆိုရင် ရူးမိုက်ရာ ကျပါလိမ့်မယ်"

"ကျွန်တော့်အနေနဲ့ ဗလင်စီယာအသင်းအပေါ်မှာပဲ အာရုံစိုက်ရပါမယ်။ ဗလင်စီယာအသင်းနဲ့ စာချုပ်သက်တမ်း အများကြီးကျန်ပါသေးတယ်။ ကျွန်တော်အခုလုပ်ရမှာက အဲဒါပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video