play

 

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး ကာဗာနီဟာ နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့လာမယ့် ပင်နယ်တီပြစ်ဒဏ်ဘောတွေကို ကန်သွင်းသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဒါဟာ နည်းပြအူမရီရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ကာဗာနီနဲ့နေမာဟာ ပြီးခဲ့တဲ့စက်တင်ဘာလက လိုင်ယွန်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကန်သွင်းခွင့်နဲ့ပတ်သက်ပြီး တစ်ဦးနဲ့တစ်ဦး အငြင်းပွားခဲ့ကြပြီး ဆက်​ဆံ​ရေးတင်းမာခဲ့ကြတာဖြစ်ပါတယ်။

play

 

ယင်းဖြစ်ရပ်ဖြစ်ခဲ့ပြီးနောက်ပိုင်း ကာဗာနီနဲ့ နေမာတို့ဟာ အေးစက်တဲ့ဆက်ဆံရေးရှိခဲ့ပြီး ပီအက်စ်ဂျီအသင်းရဲ့ပိုင်ရှင်က ကာဗာနီအနေနဲ့ နေမာကို ပင်နယ်တီပြစ်ဒဏ်ဘော ကန်ခွင့်လွှဲပြောင်းပေးမယ်ဆိုရင် ယူရို ၁ သန်း ဆုကြေးငွေအဖြစ်နဲ့ ပေးသွားမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

Postby

 

ယခုကာဗာနီက နေမာကို ပင်နယ်တီကန်သွင်းခွင့်ကို လွှဲပြောင်းပေးအပ်လိုက်တာဟာ ယူရို ၁ သန်းကို ရရှိခဲ့တာကြောင့် ကန်ခွင့်ပေးခဲ့တာလား၊ နည်းပြအူမရီရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာခဲ့တာလားဆိုတာ တွေးဆစရာ ဖြစ်လာခဲ့ပါတယ်။

play

 

“ပင်နယ်တီ ကန်သွင်းခွင့်နဲ့ပတ်သက်ပြီး နည်းပြက ဆုံးဖြတ်​ခဲ့ပါတယ်​။ ​နေမာဟာ အသင်းရဲ့လာမယ့် ပင်​နယ်​တီပြစ်ဒဏ်ဘောတွေကို ကန်​သွင်းသွားမှာပါ။” လို့​ပြောကြားခဲ့ပါတယ်။

play

 

ကာဗာနီဟာ ယမန်နေ့ညက နန်းတက်စ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ၂ ဂိုးသွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ လက်ရှိချန်ပီယံ မိုနာကိုအသင်းကို ၆ မှတ်​ဖြတ်​ထားပါတယ်။

 

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video