AD
AD
AD

နိုင်ငံတကာ ထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ကစားနေတဲ့ အာရှတိုက်ပြင်ပမှ အကောင်းဆုံး အာရှသားကစားသမားဆုကို ပေးအပ်နိုင်ဖို့ ဆန်ကာတင်စာရင်း (၃)ဦးထွက်ပေါ်လာခဲ့ပါတယ်။

play

 

အဆိုပါ ကစားသမားတွေကတော့ အင်္ဂလန်ပရီးမီးယားလိဂ်မှ တော့တင်ဟမ်ဟော့ စပါးအသင်း မှ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ယောင်မင်၊ဟတ်ဒါဖီးလ်အသင်းမှ အာရွန်မွိုင်းနဲ့ ဂျာမန်ကလပ် ဒေါ့မွန်အသင်းမှ ဂျပန်ကွင်းလယ်ကစားသမား ကာဂါဝါတို့ပဲ ဖြစ်ပါတယ်။

 

ယခုပေးအပ်တဲ့ဆုမှာ AFCရဲ့ တရားဝင်ပေးအပ်ချီးမြှင့်တဲ့ ဆုမဟုတ်တာကြောင့် ကစားသမားတွေအနေနဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေထံ ခွင့်ပြုချက်တောင်းခံပြီးမှသာ တက်ရောက်ခွင့်ရမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်အနေနဲ့ နှစ်စဉ် အာရှအကောင်းဆုံး ဆုတွေကိုပေးအပ်ချီးမြှင့်ရာမှာ အမျိုးသား ဘောလုံးကစားသမားဆုအတွက် ပေးအပ်ရာမှာတော့ ယခုလို အာရှတိုက်ပြင်ပမှာ ယှဉ်ပြိုင်ကစားနေတဲ့ အာရှတိုက် ဂုဏ်ဆောင်ကစားသမားတွေကို သီးခြားပေးအပ်တဲ့ ဆုအပါအ၀င် အာရှတိုက်အတွင်းမှ အကောင်းဆုံးကစားသမားဆုကိုလည်း ထပ်မံချီးမြှင့်တာကြောင့်အာရှရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားမှာ တစ်နှစ်လျှင် ၂ ဦးစီပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ယမန်နှစ်က အာရှတိုက်ပြင်ပရောက် အကောင်းဆုံး အာရှ ကစာားသမားအဖြစ် လက်စတာစီးတီးအသင်းမှ ဂျပန်တိုက်စစ်မှူး အိုကာဇာကီက ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် နိုင်ငံတကာ အကောင်းဆုံး အာရှ ကစားသမားကိုတော့ လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဘန်ကောက်တွင် ကျင်းပမယ့် အာရှ တစ်နှစ်တာ အကောင်းဆုပေးအပ်ပွဲအခမ်းအနားမှာ ထည့်သွင်း ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

Postby

Source- AFC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD