AD
AD
AD

စပိန် လာလီဂါရဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီကို ဘာစီလိုနာအသင်းက ရှုံးပွဲမရှိစံချိန်နဲ့အတူ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

play

 

ဘာစီလိုနာနည်းတူ လိဂ်ပြိုင်ပွဲအသီးသီးမှာ ရှုံးပွဲမရှိ စံချိန်တွေနဲ့အတူ ဦးဆောင်ထားနိုင်တဲ့အသင်းတွေကတော့ ပရီးမီးယားလိဂ်မှာ မန်စီးတီး၊အီတလီစီးရီးအေမှာ နာပိုလီနဲ့ ပြင်သစ် လီဂူး(၁)မှာ ပီအက်ဂျီအသင်းတို့ပဲ ဖြစ်ပါတယ်။

 

ဂျာမန် ဘွန်ဒက်လီဂါမှာတော့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်က ရှုံးပွဲတစ်ပွဲရှိထားတာကြောင့် ဘာစီလိုနာနည်းတူ ရင်ဘောင်တန်းရပ်တည်နေတယ်လို့ မသတ်မှတ်ခဲ့တာ ဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် အဆိုပါ အသင်း (၃)သင်းအနက် မန်စီးတီးနဲ့ ပီအက်ဂျီအသင်းတို့မှာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ထိပ်ဆုံးက ဦးဆောင်ထားနိုင်ပြီး ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းနေသလို နာပိုလီအသင်းကလည်း အုပ်စုမှ တက်လှမ်းနိုင်ရေး အခွင့်အရေးရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကိုယ်စီ လိဂ်အမှတ်ပေးဇယားတွေကို ဦးဆောင်ထားနိုင်တဲ့အသင်းတွေအနေနဲ့ ယမန်နှစ်အမှတ်ပေးဖလား ချန်ပီယံဆုကို ရရှိထားခြင်း မရှိတာလည်း ဖြစ်ပါတယ်။

Postby

Source- SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD