play

ရီးရဲမက်ဒရစ်အသင်းရဲ့ နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ဟာ ပြီးခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ နှာခေါင်းရိုးကျိုးဒဏ်ရာကြောင့် လာမယ့်အင်္ဂါနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် အာပိုအယ်အသင်းနဲ့ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။

play

အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ် ပထမပိုင်း ၃၅ မိနစ်မှာ ဆာဂျီယိရာမို့စ်ဟာ အက်သလက်တီကိုအသင်းရဲ့ ပင်နယ်တီ ဧရိယာထဲမှာ ခေါင်းတိုက်ဂိုးသွင်းယူဖို့ ကြိုးစားခဲ့ချိန်မှာ အက်သလက်တီကိုအသင်းရဲ့နောက်ခံကစားသမား လူးကပ်စ်က ဘောလုံးကို ခြေထောက်နဲ့ ရှင်းထုတ်ခဲ့တဲ့အတွက် ရာမို့စ်ရဲ့ မျက်နှာကို ကန်မိခဲ့ပြီး နှာခေါင်းရိုးကျိုး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ရာမို့စ်ကို ဆေးကုသမှု ပြုလုပ်ပြီး ပွဲကို ဆက်လက်ကစားစေခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် ဒုတိယပိုင်းပြန်လည်စတင်ချိန် ၄၆ မိနစ်မှာ နာချိုနဲ့ လဲလှယ်ခဲ့ရပါတယ်။

Postby

 

ယခုလို ဒဏ်ရာအပြင်းအထန်ရရှိအောင် ပြုလုပ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ရီးရဲမက်ဒရစ်အသင်းဘက်ကို ပင်နယ်တီပြစ်ဒဏ်ဘောမသတ်မှတ်ပေးခဲ့သလို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ လူးကပ်စ်ကိုလည်း အဝါကတ်ပြ သတိပေးခြင်းမရှိခဲ့ပါဘူး။

play

 

ရီးရဲမက်ဒရစ်အသင်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဆာဂျီယိုရာမို့စ်အနေနဲ့ လာမယ့် အင်္ဂါနေ့ညမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် အာပိုအယ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ရေးသားထားပြီး ဒဏ်ရာကြောင့် အချိန်အတိုင်းအတာ ဘယ်လောက်ထိ အနားယူရမယ်ဆိုတာကိုလည်း အတိအကျဖော်ပြထားခြင်းမရှိပါဘူး။ ဆေးပညာကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရ ရာမို့စ်အနေနဲ့ ဒဏ်ရာပြင်းထန်လို့ ခွဲစိတ်မှုပြုလုပ်ခဲ့မယ်ဆိုရင် ၂ ပတ်ကနေ ၃ ပတ်အထိ အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။

 

Source & Photos: AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video