ရီးရဲ မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်း ယူနိုင်တဲ့ စံချိန်ကောင်းတစ်ခုကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့ပြီလို့ သိရပါတယ်။

play

 

ရော်နယ်ဒိုအနေနဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ၂၀၁၇ ခုနှစ်တစ်နှစ်တည်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပချန်ပီယံ လိဂ် ပြိုင်ပွဲတွင် သွင်းဂိုး ၁၇ အထိ သွင်းယူနိုင်ခဲ့တာကြောင့် ယခုလို တစ်နှစ်တည်း ဂိုးအများဆုံးသွင်းယူနိုင်တဲ့စံချိန် ကို တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

အဆိုပါ စံချိန်မှာ ၎င်းရဲ့ ယခင်နှစ်စံချိန် တစ်နှစ်တည်း ၁၆ ဂိုးသွင်းယူနိုင်ခဲ့တဲ့ စံချိန်ကို ကျော်လွန်၍ ထပ်မံ တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအနေနဲ့ လက်ရှိမှာ ၁၇ အထိ သွင်းယူနိုင်ခဲ့ပြီး လက်ကျန် အုပ်စု ပွဲစဉ် ၂ ပွဲစဉ်တွေမှာ ထပ်မံသွင်းယူနိုင်ကာ သွင်းဂိုးစံချိန် ထပ်မံတင်ရှိနိုင်မလား ဆိုတာကိုလည်း စိတ်ဝင်စားဖွယ်စောင့် ကြည့်သွားရမှာပါ။

Postby

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video