AD
AD
AD

အာဆင်နယ်အသင်းနဲ့ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂျာမနီလက်ရွေးစင် မီဆွတ်အိုလ် ဇေးကို အသင်းဟောင်း ရှော်လ်ကေးအသင်းက ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

play

 

ရှော်လ်ကေးအသင်း ဥက္ကဋ္ဌ ကလီမန်တိုးနစ်က-“ အနာဂတ်မှာ အိုလ်ဇေးအသင်းကို ပြန်လာမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။” လို့ ထုတ်ဖော်ပြောထားပါတယ်။

 

လတ်တလောမှာတော့ အိုလ်ဇေးကို စပိန်ထိပ်သီး ဘာစီလိုနာအပါအ၀င် မန်ယူအသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိထားရပြီး အသင်းဟောင်း ရှော်လ်ကေးအသင်းကလည်း ပြန်လာစေချင်နေတာ ကြောင့် လာမယ့်နှစ်မှာ အိုလ်ဇေးဘယ်အသင်းကိုပြောင်းရွှေ့မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

အိုလ်ဇေးမှာ ဂျာမနီကလပ် ရှော်လ်ကေးလူငယ်အသင်းမှာ ၂၀၀၅မှ ၂၀၀၆ အထိလည်းကောင်း၊စီနီယာအသင်း မှာ ၂၀၀၆မှ ၂၀၀၈အထိလည်းကောင်းကစားခဲ့ပြီး ၀ါဒါဘရီမင်အသင်းကို ၂၀၀၈ခုနှစ်မှာပြောင်းရွှေ့ကစားခဲ့ကာ ထိုမှတဆင့် ရီးရဲမက်ဒရစ်အသင်းကို၂၀၁၀မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

လက်ရှိ အာဆင်နယ်အသင်းကိုတော့၂၀၁၃ ခုနှစ်မှာ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

Postby

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD