play

 

ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဥရောပရဲ့အကြီးမားဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ထပ် စံချိန်သစ်တစ်ခုကို ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ တစ်နှစ်အတွင်း ၁၆ ဂိုးထိ သွင်းယူထားနိုင်တဲ့ စံချိန်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပါတယ်။

play

 

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၁၅ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်နှစ်အတွင်း ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ယခုနှစ်မှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ၁၆ ဂိုးအထိ သွင်းယူထားခဲ့ပြီးဖြစ်တာကြောင့် လာမယ့် အုပ်စုပွဲစဉ် ၂ ပွဲမှာ နောက်ထပ် ၁ ဂိုးသွင်းယူနိုင်တာနဲ့ တစ်နှစ်အတွင်း ၁၇ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

Postby

 

၁၆ ဂိုးလို့ ယူဆတာဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၂၀၁၇ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်တွေကို ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ပြိုင်ဘက် ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး မက်ဆီဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ တစ်နှစ်အတွင်း အများဆုံး ၁၃ ဂိုးအထိသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video