စပိန် လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်းမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်အသင်းမှ ချီလီတိုက်စစ်မှူး ဆန်းချက်ကို ခေါ်ယူဖို့ မူလခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်စီးတီးအသင်းရဲ့ မပေးချင်တဲ့ ငွေပမာဏနဲ့ ကမ်းလှမ်း လိုက်တာလည်း ဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းအနေနဲ့ ဆန်းချက်ကို ခေါ်ယူဖို့ ဆောင်ရွက်ခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းက သတ်မှတ်တဲ့ ပြောင်းရွှေ့ကြေးကို မပေးလိုပဲ ယခုအခါ ရီးရဲက အာဆင်နယ်အသင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ပေးကာ ကမ်းလှမ်းဖို့ ကြိုးပမ်းမှာလည်း ဖြစ်ပါတယ်။

 

ဆန်းချက်အနေနဲ့ လာမယ့် နွေရာသီမှာ စာချုပ်ကုန်ဆုံးမှာ ဖြစ်တာကြောင့် အာဆင်နယ်အသင်းထံမှ ဇန်န၀ါရီအပြောင်းအရွှေ့တွင် ကြားဖျက်ခေါ်ယူမှသာလျှင် ရီးရဲအနေနဲ့ ဆန်းချက်ကို ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

ဆန်းချက်အနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့ဘူးလို့ သတင်းတွေထွက် ပေါ်နေသလို မူလခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ မန်စီးတီးအသင်းကလည်း ယူရို သန်း ၃၀ ပေးဖို့ စိတ်မ၀င်စားတာကြောင့် ယခု ရီးရဲကမ်းလှမ်းတဲ့ ပမာဏအရ ဆန်းချက်ကို ခေါ်ယူနိုင်စွမ်း ရှိနေတာလည်း ဖြစ်ပါတယ်။

ဆန်းချက်မှာ ယခင်က ရီးရဲအသင်းရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းမှ အာဆင်နယ်အသင်းကိုပြောင်းရွှေ့ ရောက်ရှိခဲ့သူ ဖြစ်ပြီး အာဆင်နယ်အသင်းနဲ့အတူ အက်အေဖလား နှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video