play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ဆွီဒင်လက်ရွေးစင်ကစားသမားဘဝကနေ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးမှာ အနားယူခဲ့ပါတယ်။ ဆွီဒင်ရဲ့ဘောလုံးဘုရင်ဆုကို ဆယ်နှစ်ဆက်တိုက် ရရှိနေခဲ့တဲ့ မိုဗစ်ဟာ ယခုနှစ်မှာတော့ အခြားသူတစ်ယောက်ကို လွှဲပြောင်းပေးခဲ့ရပြီဖြစ်ပါတယ်။

play

 

ဝီဂန်အသင်းရဲ့ကစားသမားဟောင်း အန်ဒရေးဂရန်းကွစ်ဟာ အီဘရာဟီမိုဗစ် ဆွီဒင်လက်ရွေးစင်အသင်းကနေ အနားယူပြီးနောက်ပိုင်း ဆွီဒင်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့် အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

play

 

ဒါကြောင့် ဆွီဒင်ဘောလုံးအဖွဲ့ချုပ်ကနေပေးအပ်တဲ့ တစ်နှစ်တာအတွက် ဆွီဒင်ကစားသမားဆုကို ဇလာတန်အီဘရာဟီမိုဗစ်ကို ကျော်ဖြတ်ပြီး ရရှိသွားခဲ့တာဖြစ်ပါတယ်။

play

 

ဆွီဒင်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့် Play-off ပွဲစဉ်မှာ အီတလီအသင်းကို နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အီတလီအသင်းကတော့ ၁၉၅၈ ခုနှစ်နောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားဝင်ခွင့် မအောင်မြင်ခဲ့ဘဲ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Postby

 

Source & Photos: The Sun

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video