AD
AD
AD
play

 

ဂျူဗင်တပ်အသင်းရဲ့ ဂိုးသွင်းစက်လို့ တင်စားခေါ်ဝေါ်ရတဲ့ တိုက်စစ်မှူး ဒီဘာလာဟာ ဂျူဗင်တပ်အသင်းကို ၂ နှစ်ဆက်တိုက် စီးရီးအေချန်ပီယံနဲ့ ကိုပါအီတာလီယာဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဒီဘာလာကို ဥရောပအသင်းကြီးတွေက ခေါ်ယူဖို့ ကြိုးပမ်းနေကြပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က အဓိကပစ်မှတ်ထားခေါ်ယူလိုနေတာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုနဲ့ နီးစပ်တဲ့သူတွေဆီက ကြားရတဲ့သတင်းတွေအရ လာမယ့်နွေရာသီမှာ ဒီဘာလာကို ပေါင် ၁၅၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ယခုလို သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဒီဘာလာရဲ့ ဂျူဗင်တပ်အသင်းနဲ့ အနာဂတ်ကို မေးမြန်းမှုအပေါ် ဖြေကြားချက်က အပြောင်းအရွှေ့ဖြစ်လာနိုင်တယ်လို့ ယူဆနိုင်ပါတယ်။

play

 

"ဂျူဗင်တပ်အသင်းမှာပဲ တစ်သက်လုံးနေမယ်လို့ ကျွန်တော် အာမ မခံနိုင်ဘူး"လို့ ဒီဘာလာက France Football သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

"အဲဒါက ကျွန်တော့်အပေါ်မှာပဲ မူတည်နေတာမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ဒီမှာကစားတာ နောက်ဆုံးရာသီပါပဲလို့ ပြောတောင် မပြောချင်ပါဘူး"

"အရာအားလုံးကို ကျွန်တော် အနိုင်ယူချင်ပါတယ်။ ဘောလုံးကတော့ ထူးဆန်းတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ခင်ဗျားလည်း မသိနိုင်ပါဘူး"

"ဒါပေမယ့် အခုအချိန်မှာတော့ ဒါဟာ နောက်ဆုံးရာသီပဲ။ အသင်းကနေ ထွက်သွားတော့မယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော် မပြောနိုင်သေးပါဘူး။ အခုလက်ရှိအချိန်ကိုပဲ ကျွန်တော်တွေးတယ်။ အရာအားလုံးကို အနိုင်ယူနိုင်အောင် ကျွန်တော် ကြိုးစားနေတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဒီဘာလာဟာ ပေါ့ဂ်ဘာကို မန်ချက်စတာယူနိုက်တက်အသင်းကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တဲ့ အသင်းရဲ့ဆုံးဖြတ်ချက်အပေါ်မှာ ပျော်ရွှင်မှု မရှိဘူးလို့ ဝန်ခံပြောကြားခဲ့ပြီး ပေါ့ဂ်ဘာနဲ့ အမြဲတမ်း Video Call နဲ့ အဆက်အသွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

"ပေါ့ဂ်ဘာထွက်သွားတာဟာ ကျွန်တော့်ခက်ခဲကြမ်းတမ်းခဲ့ပါတယ်"

"သူက ကျွန်တော့်ရဲ့သူငယ်ချင်းပါ။ သူနဲ့ ကွင်းထဲမှာရော ကွင်းပြင်မှာပါ အရမ်းကို ကောင်းတဲ့ ဆက်ဆံရေးရှိပါတယ်"

"သူနဲ့ အမြဲတမ်း အဆက်အသွယ်လုပ်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပေါ့ဂ်ဘာနဲ့ ဒန်နီအဲဗက်စ်ကို မလွမ်းနေဘူးလို့ မညာချင်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD