AD
AD
AD
play

 

ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ဘန်ဇီးမားဟာ လက်ရှိအချိန်မှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ ဘန်ဇီးမားအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းယူခဲ့တာဟာ ပြီးခဲ့တဲ့နှစ် ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ ဖြစ်ပါတယ်။

play

 

ယင်းပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းဟာ နာပိုလီအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပထမပိုင်း ၁၈ မိနစ်မှာ ဘန်ဇီးမားက ရီးရဲမက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘန်ဇီးမားဟာ ယခုရာသီမှာ ရီးရဲမက်ဒရစ်အသင်းအတွက် ၁ ဂိုးသာ သွင်းယူနိုင်သေးတာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ အက်သလက်တီကိုအသင်းနဲ့ ဆုံတွေ့ခဲ့တဲ့ ဒါဘီပွဲစဉ်မှာလည်း ဘန်ဇီးမားနဲ့နည်းတူ ၁ ဂိုးသာ သွင်းယူထားနိုင်သေးတဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ တိုက်စစ်အတွဲဟာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ဇယားထိပ်ဆုံးက ဘာစီလိုနာအသင်းနဲ့ ၁၀ မှတ် ကွာဟသွားခဲ့ပါတယ်။

Postby

 

ယနေ့ညမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့် အာပိုအယ်အသင်းနဲ့ပွဲစဉ်မှာ ဘန်ဇီးမားအနေနဲ့ ၂၇၉ ရက်တိတိမသွင်းရတာကြာပြီဖြစ်တဲ့ ချန်ပီယံလိဂ်သွင်းဂိုးကို ပြန်လည်သွင်းယူသွားနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

Source & Photos: Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD