play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အာပိုအယ်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းက ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ တိုက်စစ်မှာ ခရစ်စတီယာနိုရော်နယ်ဒို၊ ဘန်ဇီးမားနဲ့ လူးကပ်စ်ဗက်စ်ကွက်တို့ကို အသုံးပြုပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက ရီးရဲမက်ဒရစ်အသင်းက အသာစီးရယူထားနိုင်ခဲ့ပြီး ၂၃ မိနစ်မှာ လူကာမိုဒရစ်က ဘီးကုပ်စက်ဝိုင်းထိပ်ကနေ အပြင်းကန်သွင်းယူပြီး ရီးရဲမက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။ ၃၉ မိနစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးမသွင်းနိုင်တာ ရက်ပေါင်း ၂၇၉ ရက် ကြာနေပြီဖြစ်တဲ့ ဘန်ဇီးမားက သူ့ရဲ့ဂိုးမိုးခေါင်နေမှုကို တိုနီခရူးစ်ရဲ့ပေးပို့မှုကနေတစ်ဆင့် ရီးရဲမက်ဒရစ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးပြီး အဆုံးသတ်ခဲ့ပါတယ်။

play

 

၄၁ မိနစ်မှာ ရီးရဲနောက်ခံကစားသမား နာချိုက ရီးရဲမက်ဒရစ်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို ဗာရာနီကနေ တစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို ပထမပိုင်းကစားချိန်ပြည့်လို့ နာကျင်အချိန်ပိုပေးထားတဲ့ ၄၆ မိနစ်မှာ ဘန်ဇီးမားက ရော်နယ်ဒိုရဲ့ပေးပို့မှုကနေတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာလည်း ရီးရဲမက်ဒရစ်အသင်းကသာ တစ်ဖက်သတ် ဖိအားပေး တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ၄၉ မိနစ်မှာ ခရစ်စတီယာနိုရော်နယ်ဒိုက မာဆယ်လိုရဲ့ပေးပို့မှုကနေတစ်ဆင့် ရီးရဲမက်ဒရစ်အသင်းအတွက် ပဉ္စမမြောက်ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ ၅၄ မိနစ်မှာ ရော်နယ်ဒိုကပဲ ရီးရဲမက်ဒရစ်အသင်းအတွက် ဆဌမမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်အထိ အာပိုအယ်အသင်းက ရီးရဲမက်ဒရစ်အသင်းကို ချေပဂိုး ပြန်လည်မသွင်းယူနိုင်ခဲ့တာကြောင့် ၆ ဂိုး ဂိုးမရှိရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video