play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဒေါ့မွန်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ပထမပိုင်း စတင်ချိန်မှာ ဒေါ့မွန်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး အိမ်ကွင်းပရိသတ်တွေရှေ့မှာ တော့တင်ဟမ်ဟော့စပါး အသင်းရဲ့နောက်တန်းကို အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ၃၁ မိနစ်မှာ အော့ဘာမီယန်းက ဒေါ့မွန်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ တော့တင်ဟမ်ဟော့စပါးအသင်းက ချေပဂိုးပြန်လည်ရရှိဖို့ တိုက်စစ်ဆင်ကစားလာခဲ့ပြီး ၄၉ မိနစ်မှာ ဟယ်ရီကိန်းက တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ယနေ့ပွဲစဉ်မှာ ဒေါ့မွန်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ဟာ ခြေစွမ်းပိုင်းအရ ကွာခြားချက် သိပ်မရှိခဲ့တာကို တွေ့ရပါတယ်။

play

 

၇၆ မိနစ်မှာ ဆွန်ယောင်မင်က တော့တင်ဟမ်ဟော့စပါးအသင်းအတွက် လိုအပ်နေတဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်အထိ ဒေါ့မွန်အသင်းက ချေပဂိုး ပြန်လည်သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ၂ ဂိုး ၁ ဂိုးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းက အနိုင်ရရှိပြီး အုပ်စုပထမနဲ့ အုပ်စုအဆင့်က တက်ရောက်ဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်၊

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video