AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဆီဗီလာအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၃ ဂိုးစီ သရေကျခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ ပထမပိုင်း စတင်ချိန်ကတည်းက တိုက်စစ်ဆင်ကစားခဲ့ပြီး ၂ မိနစ်မှာ ဖာမီနိုက အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။ ၂၂ မိနစ်မှာ မာနေးက ဖာမီနိုရဲ့ပေးပို့မှုကနေတစ်ဆင့် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မိနစ် ၃၀ မှာ ဖာမီနိုကပဲ နောက်ထပ် တတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်မှာ လီဗာပူးအသင်းက ဆီဗီလာအသင်းရဲ့အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဆီဗီလာအသင်းက ချေပဂိုးတွေ ပြန်လည်သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး ၅၁ မိနစ်မှာ ဘန်ရက်ဒါက ဆီဗီလာအသင်းအတွက် ချေပဂိုးကို စတင်သွင်းယူခဲ့ပါတယ်။ မိနစ် ၆၀ မှာ ပင်နယ်တီဧရိယာထဲမှာ မိုရီနို ဘောလုံးကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ရာမှာ ချော်ထွက်သွားတာကြောင့် ဘန်ရက်ဒါက ဆွဲယူသွားနိုင်ခဲ့ပြီး မိုရီနို မမီမကမ်းနဲ့ ဖျက်ထုတ်ရာမှာ ဘန်ရက်ဒါကို ခြေချိတ်လှဲသလိုဖြစ်သွားတာကြောင့် ဆီဗီလာအသင်းက ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ဘန်ရက်ဒါကပဲ ကန်သွင်းယူခဲ့ပါတယ်။

play

 

ဆီဗီလာအသင်းဟာ ပထမပိုင်းမှာတင် ၃ ဂိုး ခွင့်ပြုခဲ့ရပေမယ့် စိတ်ဓာတ်မကျခဲ့ဘဲ နောက်ကနေ လိုက်လံကစားခဲ့ရာ ပွဲကစားချိန်ပြည့်တဲ့အချိန်မှာ ချေပဂိုး ၂ ဂိုးအထိ ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၄ မိနစ်ပေးခဲ့ရာမှာ ဆီဗီလာအသင်းက ၉၃ မိနစ်မှာ ထောင့်ကန်ဘောကန်ခွင့်ရရှိခဲ့ပြီး ခေါင်းတိုက်ပြီးပြန်ကျလာတဲ့ဘောလုံးကို လီဗာပူးနောက်တန်းတွေ ရှုပ်ယှက်ခတ်နေတဲ့ကြားက ပီဇာရိုက ကန်သွင်းယူခဲ့ပြီး ဆီဗီလာအသင်းအတွက် တတိယမြောက်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ တစ်ဖက်နဲ့တစ်ဖက် ၃ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD