AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ဖီယင်နုအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ ယနေ့ပွဲစဉ်မှာ ဘာနာဒိုဆေးလ်ဗား၊ အဂူရိုနဲ့ စတားလင်းတို့ကို တိုက်စစ်မှာ အသုံးပြုပြီး ကစားစေခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ချက်စတာစီးတီးအသင်းက တောက်လျှောက် ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ဖီယင်နု ဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာတော့ မန်ချက်စတာစီးတီးအသင်းဟာ ဂိုးရရှိဖို့အတွက် အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး ၆၄ မိနစ်မှာ ဒီဘရိုင်းကို ထုတ်ပြီး ဂက်ဘရီရယ်ဂျီးဆပ်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ၇၅ မိနစ်မှာ ယာယာတိုရေးကို ထုတ်ပြီး လူငယ်ကစားသမား ဖီးလ်ဖိုဒန်ကို ထည့်သွင်းခဲ့ရာမှာ ကစားပုံပိုမို သွက်လက်လာခဲ့ပြီး ၈၈ မိနစ်မှာ ဂန်ဒိုဂန်ရဲ့ပေးပို့မှုကနေတစ်ဆင့် မန်ချက်စတာစီးတီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို စတားလင်းက သွင်းယူပေးခဲ့ပြီး မန်ချက်စတာစီးတီးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် မန်ချက်စတာစီးတီးအသင်းဟာ ဇယားထိပ်ဆုံးမှာ ၁၅ မှတ်နဲ့ ဒုတိယနေရာက ရှက်တာဒိုးနတ်အသင်းကို ၆ မှတ်ပြတ်နဲ့ အုပ်စုအဆင့်က တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD