ယနေ့ နံနက်ပိုင်းက အေပိုးလ်အသင်းကိုအနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုမှာ စံချိန်သစ် တစ်ရပ်ကို ထပ်မံတင်ရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ စံချိန်ကတော့ နှစ်တစ်နှစ်အတွင်း ချန်ပီယံလိဂ် သွင်းဂိုး ၁၈ ဂိုးပြည့်မြောက်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ် လာခဲ့တာ ဖြစ်ပါတယ်။

play

 

၂၀၁၅ ခုနှစ်က ရော်နယ်ဒိုအနေနဲ့ တစ်နှစ်တည်း ချန်ပီယံလိဂ် သွင်းဂိုး၁၆ ဂိုးအထိ သွင်းယူကာ ဂိုးသွင်းအများဆုံး က စားသမားအဖြစ် ရပ်တည်ထားနိုင်ပြီး ယခု ၂၀၁၇ ခုနှစ်မှာလည်း တစ်နှစ်တည်း သွင်းဂိုး ၁၈ ဂိုးသွင်းယူကာ ၎င်းရဲ့ စံချိန် ကို ၎င်းကိုယ်တိုင် ကျော်ဖြတ်ကာ ထပ်မံ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ရော်နယ်ဒိုမှာ ပွဲကစားချိန် ၄၉ မိနစ်နဲ့ ၅၄ မိနစ်တွေမှာ သွင်းဂိုးနှစ်ဂိုးကို ဆက်တိုက်ရယူနိုင်ခဲ့ပြီး ယခုလိုစံချိန်တင်နိုင်ခဲ့ တာဖြစ်သလို ရီးရဲမက်ဒရစ်အသင်းမှာလည်း ၂၀၁၇ ခုနှစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ် ပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video