AD
AD
AD

သြစတြေးလျအသင်းကို Play-Off အဆင့်မှခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ Ange Postecoglou မှာ အသင်းကနေ နုတ်ထွက်သွားပြီလို့ သိရပါတယ်။

play

 

အသက် ၅၂ နှစ်အရွယ် ဂရိ-သြစတြေးလျနွယ်ဖွား နည်းပြချုပ်က- “ကျွန်တော်က အသင်းအတွက်တော့တံတားတစ်ခု လိုပါပဲ” လို့ ထုတ်ဖော်ပြောခဲ့ပြီး နုတ်ထွက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

သြစတြေးလျအဖွဲ့ချုပ်အနေနဲ့ ၎င်းကို စာချုပ်သစ်အတွက်ကမ်းလှမ်းခဲ့ပေမယ့်လည်း ၎င်းက ထွက်ခွာဖို့ကိုသာ ဆုံး ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

“ကျွန်တော့်အတွက်တော့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ပုဂ္ဂိုလ်ရေးအရရော ပရော်ဖက်ရှင်နယ်အလုပ်အရပါ ကျွန် တော်က အသင်းအတွက် ပေါင်းကူးတံတားလေးလိုပါပဲ။အသင်းမှာ ကျွန်တော့်ရဲ့ အတတ်ပညာအကုန်လုံးကို ရင်းနှီးမြှုပ် နှံပြီး ပေးဆပ်ခဲ့ပါတယ်။အခုတော့ ကျွန်တော် ဒီခရီးစဉ်ကိုအဆုံးသတ်သင့်ပြီလို့ထင်ပါတယ်။” လို့ Ange Postecoglou က ပြောကြားခဲ့ပါတယ်။

Ange Postecoglou မှာ သြစတြေးလျအသင်းကို ၂၀၁၃ ခုနှစ်ကတည်းက တာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပြီး အာရှ ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ဒါ့အပြင် အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ စုစုပေါင်း ၄၉ပွဲမှာ ၂၂ ပွဲကို အနိုင်ရရှိ အောင်စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD