AD
AD
AD
play

ဘာစီလိုနာအသင်း တိုက်စစ်မှူး အာဂျင်တီးနား ကစားသမား လီယွန်နယ်မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းအတွက် ၁၀၀ ရာခိုင်နှုန်းပေးဆပ်ကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ အသင်းဖော် ကစားသမား ရာကီတစ်က ထုတ်ဖော်ပြောလိုက်ပါ တယ်။

 

ဒါပေမယ့်လည်း မက်ဆီမှာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၁ အထိ ဆက်ရှိနေစေမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုဖို့ သဘောတူညီမှု ရထားပြီလည်း ဖြစ်ပါတယ်။

play

ရာကီတစ်က ထုတ်ဖော်ပြောခဲ့ရာမှာတော့-“ သူဘာစီလိုနာမှာ ဆက်ရှိမယ်မရှိဘူးဆိုတာကတော့ မသေချာတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အားလုံး သူဘယ်လိုဆုံးဖြတ်ဆုံးဖြတ် သူ့ဆုံးဖြတ်ချက်ကို လေးစားရမှာပါ။ဒါပေမယ့်လည်း ခုချိန် မှာ ကျွန်တော့်သူ့ကို ဘယ်လိုကြည့်ကြည့် ပြောင်းလဲလာတာ မတွေ့ရပါဘူး။ဒီအကြောင်းတွေ ကျွန်တော်ဆက်မပြော တော့ပါဘူး။သူ ဘာစီလိုနာမှာ ရှိနေမယ်လို့ ယုံကြည်ပါတယ်။” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

 

လက်ရှိမှာတော့ မက်ဆီမှာဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ် ပြိုင်ပွဲကစားဖို့ လေ့ကျင့်ခန်းအတူဆင်းနေပြီး ဂျူဗင် တပ်အသင်းနဲ့ မနက်ဖြန် မြန်မာစံတော်ချိန် နံနက် ၂ နာရီ ၁၅ မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Postby

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD