AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာပိုအယ်နဲ့ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းက ၆ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ယင်းပွဲစဉ်အပြီးမှာ ကစားသမားတွေကို မေးမြန်းဖို့ မီဒီယာတွေက ကြိုးစားခဲ့ရာမှာ ခရစ်စတီယာနိုရော်နယ်ဒိုက ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ သူ ပြောတဲ့စကားက တစ်ခွန်း၊ သတင်းထောက်က ပြန်ရေးတဲ့အခါမှာ နောက်ထပ် စကားတစ်ခွန်း ဖြစ်ဖြစ်သွားတာကို စိတ်ပျက်မိတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ လေးပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေပြီး အာပိုအယ်အသင်းနဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့တစ်သက်တာဂိုးသွင်းအများဆုံးစံချိန်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နဲ့ အဆင်မပြေဖြစ်နေပြီး ရီးရဲမက်ဒရစ်အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

Postby

 

ပွဲအပြီးမှာ မေးခွန်းမေးမြန်းဖို့အတွက် ကြိုးစားတဲ့ သတင်းထောက်တစ်ဦးကို ရော်နယ်ဒိုက "ခင်ဗျားကို ဘယ်လိုပြောရမှာလဲ။ ကျွန်တော်တစ်ခုခု ပြောလိုက်ရင်လည်း ခင်ဗျားက တခြားတစ်ခုခုဖြစ်အောင် ရေးမှာမလား"လို့ ပြောကြားခဲ့ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၁၁၃ ဂိုးအထိ သွင်းယူထားနိုင်ပြီး မက်ဆီကတော့ ၉၇ ဂိုးသာ သွင်းယူနိုင်သေးတာဖြစ်ပါတယ်။

 

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD