AD
AD
AD
play

 

 ၂ နာရီ ၁၅ မိနစ်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဆီဗီလာအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၃ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ ပထမပိုင်းမှာ ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဆီဗီလာအသင်းအနေနဲ့ ပြန်လည်ချေပနိုင်ဖို့ မဖြစ်နိုင်သလောက် ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်း ပွဲကစားချိန်ပြည့်လို့ ပွဲခေတ္တရပ်နားထားချိန်မှာ ဆီဗီလာအသင်းရဲ့နည်းပြဟာ အသင်းသားတွေကို အဝတ်လဲခန်းအတွင်းမှာ မထင်မှတ်တဲ့စကားကို ပြောကြားခဲ့ပါတယ်။

play

 

ဆီဗီလာအသင်းရဲ့နည်းပြ အက်ဒွာဒိုဘယ်ရစ်ဇိုဟာ သူ့မှာ ဆီးကျိတ်ကင်ဆာရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး လီဗာပူးအသင်းနဲ့ပွဲစဉ်အပြီးမှာ ဆီဗီလာအသင်းရဲ့ဥက္ကဌဖြစ်တဲ့ ဂျိုဆေးကက်စ်ထရိုက ယင်းသတင်းနဲ့ပတ်သက်ပြီး ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။

Postby

 

"ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုအနေနဲ့ အဲဒါက တော်တော်ရှုပ်ထွေးတဲ့ပြဿနာပါပဲ။ ကျွန်တော့်အနေနဲ့ကတော့ မနက်ဖန်အထိ စောင့်တာ ပိုကောင်းမယ်လို့ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဆီဗီလာအသင်းရဲ့ကွင်းလယ်ကစားသမား ဘနီဂါကလည်း အသင်းမှာရှိတဲ့ လူတွေအားလုံး ဘယ်ရစ်ဇိုရဲ့နောက်မှာ အတူတူရှိနေပေးကြဖို့ အကြံပြုခဲ့ပါတယ်။

"သူက ကျွန်တော်တို့အားလုံးအတွက် အရေးကြီးဆုံးလူတစ်ယောက်ပါ။ သူက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတဲ့အတွက် သူ့နောက်ကနေ သူနဲ့အတူ ကျွန်တော်တို့ ရှိနေပေးမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

 

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD