AD
AD
AD

ကြာသပတေးနေ့ နံနက် ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားမယ့် ဂျူဗင်တပ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ထူးခြား အချက်အလက်တွေကို Duwun Sports ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

play

 

ဒီနှစ်သင်း ဥရောပ ပြိုင်ပွဲတစ်လျှောက် ၅ ကြိမ် တွေ့ဆုံခဲ့ဖူးရာမှာတော့ဘာစီလိုနာအသင်းက ၃ ပွဲနိုင်ထားပြီး ဂျူဗင်တပ် အသင်းက ၁ ပွဲနိုင်ထားကာ ၁ ပွဲသရေကျထားခဲ့ပါတယ်။

play

 

နောက်ဆုံး အကြိမ်တွေ့ဆုံထားရာမှာတော့ ဘာစီလိုနာအသင်းက အသာစီးရယူထားနိုင်ပြီး ၃-၀ နဲ့ အနိုင်ရရှိထားပါ တယ်။

play

 

ဘာစီလိုနာအသင်းဟာ အီတလီအသင်းတွေကို အဝေးကွင်းလာရောက်ယှဉ်ပြိုင်ရာမှာတော့ နောက်ဆုံး ၈ ကြိမ်မှာ ၆ ပွဲ သရေကျကာ ၂ ပွဲရှုံးနိမ့်ထားကာ နိုင်ပွဲရယူထားနိုင်ခြင်းတော့ မရှိပါဘူး။

play

 

ဒါ့အပြင် ဂျူဗင်တပ်အသင်းဟာ ၎င်းတို့ရဲ့ အိမ်ကွင်းမှာ စပိန်ကလပ်တွေကို ဧည့်ခံကစားခဲ့တဲ့ နောက်ဆုံး ၂၉ ပွဲမှာ ၁၉ ပွဲနိုင်ကာ ၉ ပွဲသရေကျအောင်ကစားခဲ့ပြီး တစ်ပွဲသာ ရှုံးနိမ့်ထားပါတယ်။

play

 

ဂျူဗင်တပ်အသင်းဟာ ၂၀၀၉ ခုနှစ်မှ စတင်ကာ ချန်ပီယံလိဂ် အိမ်ကွင်းအုပ်စုပွဲစဉ်တွေမှာ ရှုံးပွဲလုံးဝ မရှိထားပဲ ၁၀ ပွဲနိုင် ကာ ၇ ပွဲသရေကျအောင်ကစားထားနိုင်ပါတယ်။

 

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဆာဂျီယို ဘတ်စ်ကွက်ဟာ ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပေးပို့မှု အများ ဆုံးပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပြီး ၄၀၁ ကြိမ်အထိ ပေးပို့မှုပြုလုပ်ထားပြီး ၃၇၁ ကြိမ်က တိကျတဲ့ပေးပို့မှု ဖြစ်ခဲ့ပါ တယ်။

ဒါ့အပြင် အသင်းရဲ့ အဓိက ကစားသမား မက်ဆီမှာ အဝေးကွင်းမှာ ဟက်ထရစ်ရယူနိုင်တဲ့ ဒုတိယမြောက် ကစားသမား လည်း ဖြစ်ပါတယ်။

ယခုပွဲမှာ ဂိုးသွင်းနိုင်ပါက ဂျူဗင်တပ် တိုက်စစ်မှူး မန်ဇူကစ်မှာ ချန်ပီယံလိဂ် အုပ်စုတွင်း အိမ်ကွင်း ၃ ပွဲဆက် ဂိုးသွင်း ယူနိုင်တဲ့ကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ဘာစီလိုနာအသင်းမှာ ရမှတ် ၁၀ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပြီး နောက်တစ်ဆင့်တက်ရောက်ရေး အတွက် အနိမ့်ဆုံး သရေတစ်မှတ် ရရှိဖို့ လိုအပ်နေပြီး ဂျူဗင်တပ်အသင်းမှာ ရမှတ် ၇ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည် နေတာကြောင့် တတိယနေရာမှ စပို့တင်းရဲ့ ဖိအားပေးခြင်း ခံနေရတာကြောင့် ယခုအိမ်ကွင်းပွဲမှာ မဖြစ်မနေ အနိုင်ကစား ထားဖို့ လိုနေတာလည်း ဖြစ်ပါတယ်။

Postby

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD