play

 

ယနေ့ည(မြန်မာစံတော်ချိန် ကြာသပတေးနေ့ နံနက် ၂ နာရီ ၁၅ မိနစ်)မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားမယ့် ဘေဆယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ လူစာရင်းအပြည့်အစုံနဲ့ပွဲထွက်လာမှာလား၊ ဒဏ်ရာရကစားသမားတွေ ရှိနေလား၊ ပြီးခဲ့တဲ့အခေါက် တွေ့ဆုံမှုမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ Duwun Sports ပရိသတ်ကြီးအတွက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

play

 

ဘေဆယ်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်လာမယ့်လူစာရင်းနဲ့ပတ်သက်ပြီးတော့ နည်းပြ မော်ရင်ဟိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ နောက်ခံကစားသမားနေရာမှာ စမောလင်းကို အသုံးပြုသွားမှာဖြစ်ပြီး ဘိုင်လီနဲ့ ဖီးလ်ဂျုံးစ်တို့ကတော့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ကစားသမားတွေဖြစ်တဲ့ အီဘရာဟီမိုဗစ်၊ မားကို့စ်ရိုဂျိုနဲ့ ပေါ့ဂ်ဘာတို့ဟာ ဘေဆယ်အသင်းနဲ့ ယှဉ်ပြိုင်မယ့်ပွဲစဉ်အတွက် ဆွစ်ဇာလန်ကို လိုက်ပါလာတယ်လို့ သိရပါတယ်။ ကွင်းလယ်မှာတော့ မိုက်ကယ်ကားရစ်ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ယနေ့ပွဲစဉ်မှာတော့ တိုက်စစ်မှာ လူကာကူနဲ့ မိုဗစ်ကို တွဲဖက်မြင်တွေ့ရဖွယ်ရှိနိုင်တယ်လို့ ယူဆလို့ရပါတယ်။

play

 

ဘေဆယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ၅ ကြိမ်အထိ တွေ့ဆုံထားပြီး မန်ချက်စတာယူနိုက်တက်အသင်းက ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးရလဒ်ကို ရရှိထားပါတယ်။ ဘေဆယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကတော့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာဖြစ်ပါတယ်။ ယင်းပွဲစဉ်မှာ ဘေဆယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းဖြစ်တဲ့ စိန့်ဂျက်ကော့ဘ်ပက်ကွင်းမှာ မာကိုစထရယ်လာ၊ အလက်ဇန္နားဖရေးတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲပြီးဆုံးချိန်မှာ ၈၉ မိနစ်မှာ ဖီးလ်ဂျုံးစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ဘေဆယ်ကို စက်တင်ဘာလ ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ဖယ်လိုင်နီ၊ လူကာကူ၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ ဂိုး ဂိုးမရှိ အနိုင်ရရှိခဲ့ပါတယ်။ အစဉ်အလာအားဖြင့် ကြည့်ရရင် ဘေဆယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြင့်ဆုံး ၁၆ သင်းပတ်လည်အဆင့်ထိသာ တက်ရောက်ခဲ့ဖူးပြီး မန်ချက်စတာယူနိုက်တက်အသင်းကတော့ ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်အထိ ရယူထားနိုင်တဲ့အသင်းဖြစ်ပါတယ်။

Postby

 

ယနေ့ည ဘေဆယ်အသင်းမှာ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ ၂၀၁၁ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတုန်းက ရှုံးကြွေးကို ဆပ်ပြီး သရဲနီတွေ ဂိုးပြတ်နဲ့ အောင်ပွဲခံနိုင်မလား၊ ဘေဆယ်အသင်းက အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကို အကောင်းဆုံးရင်ဆိုင်သွားနိုင်မလားဆိုတာကို အတူတူ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

 

Source & Photos: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video