play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘေဆယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်း တို့ရဲ့ပွဲစဉ်မှာ ဘေဆယ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှာလူကာကူကို အထောင်ထားပြီး အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကပဲ ဘောလုံးပိုင်ဆိုင်မှု ရယူပြီး ကစားနိုင်ခဲ့ပါတယ်။ ယနေ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ဟာ ကစားကွက် ပုံဖော်နိုင်ခြင်းမရှိတာကိုတွေ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂိုးကန်သွင်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ တိုင်ထိပြီး လွဲချော်နေခဲ့သလို ဘေဆယ်အသင်းရဲ့ဂိုးသမားကလည်း အစွမ်းကုန်ကာကွယ်နိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကပဲ ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီး ဘေဆယ်အသင်းက တန်ပြန်တိုက်စစ်နဲ့သာ ကစားခဲ့တာကို တွေ့ရပါတယ်။ ဘေဆယ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၈၉ မိနစ်မှာ ပက်ထရက်တာရဲ့ပေးပို့မှုကနေတစ်ဆင့် မိုက်ကယ်လန်းက ပိတ်သွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်အထိ မန်ချက်စတာယူနိုက်တက်အသင်းက ချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိတာကြောင့် ဘေဆယ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယနေ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ရမှတ် ၁၂ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video