AD
AD
AD
play

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဂျူဗင်တပ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ဂိုးမရှိ သရေကျခဲ့ပါတယ်။

play

 

ဂျူဗင်တပ်အသင်းဟာ တိုက်စစ်မှာ ဟီဂူအင်ကို အထောင်ထားပြီး ဒီဘာလာနဲ့ ဒေါက်ဂလပ်ကော်စတာတို့အတွဲနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ တိုက်စစ်မှာ ဆွာရက်ဇ်နဲ့ ဂျရတ်ဒူလိုဖူတို့ တိုက်စစ်အတွဲကို အသုံးပြုပြီး ဂျူဗင်တပ်အသင်းကို ယှဉ်ပြိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ မက်ဆီကို ပထမပိုင်းမှာ ထည့်သွင်းကစားခဲ့ခြင်းမရှိဘဲ အနားပေးခဲ့တာကို တွေ့ရပါတယ်။

play

 

ဒုတိယပိုင်း ၅၆ မိနစ်မှာ ဂျရတ်ဒူလိုဖူရဲ့နေရာမှာ မက်ဆီကို ထည့်သွင်းကစားစေခဲ့ပြီး ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့တာကြောင့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ ယနေ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူး ဟီဂူအင် ထိရောက်တဲ့ တိုက်စစ်ဆင်မှု မပြုလုပ်နိုင်ခဲ့ဘဲ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး ဆွာရက်ဇ်အနေနဲ့လည်း နေရာလွတ်မဖန်တီးနိုင်ခဲ့တာကို တွေ့ရပါတယ်။

play

 

ယနေ့ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ၁၁ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ဂျူဗင်တပ်အသင်းကတော့ ရမှတ် ၈ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD