AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ရိုးမားအသင်း တို့ရဲ့ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။

play

 

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ တိုက်စစ်မှာ ဂရစ်ဇ်မန်းနဲ့ တောရက်စ်တို့ တိုက်စစ်အတွဲကို အသုံးပြုခဲ့ပြီး ရိုးမားအသင်းကတော့ ပယ်ရော့တီ၊ ဒီဇီကိုနဲ့ ဂျာဆင်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းခွင့်အပြန်အလှန် ရရှိခဲ့ကြပြီး အဆုံးသတ်သွင်းယူရာမှာ လိုအပ်ချက်တွေရှိခဲ့တာကြောင့် ဂိုး မရရှိခဲ့ပါဘူး။

play

 

ဒုတိယပိုင်းမှာ အက်သလက်တီကိုမက်ဒရစ်အသင်း ကစားကွက် ပိုမိုအချိတ်အဆက်မိလာခဲ့ပြီး ရိုးမားအသင်းရဲ့ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ၅၈ မိနစ်မှာ သြဂတ်စတိုဖာနန်ဒက်ရဲ့နေရာမှာ အိန်ဂျယ်ကော်ရီရာကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ၆၇ မိနစ်မှာ ဖာရဲရားကာရက်စ်ကိုရဲ့နေရာမှာ တိုက်စစ်မှူး ဂါမီယိုကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ၆၉ မိနစ်မှာ လူစားဝင်လာတဲ့ ကော်ရီရာရဲ့ပေးပို့မှုကနေတစ်ဆင့် ဂရစ်ဇ်မန်းက လေပေါ်ဝဲကန်ချက်နဲ့ လှလှပပ သွင်းယူခဲ့ပါတယ်။

play

 

ဂိုးပေးလိုက်တဲ့ ရိုးမားအသင်းဟာ ချေပဂိုး ပြန်လည်သွင်းယူနိုင်အောင် လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းကို ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။ ၈၃ မိနစ်မှာ ရိုးမားအသင်းရဲ့ညာနောက်ခံကစားသမား ဘရူနိုပီးရက်စ်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ကစားသမား ဖိလစ်ပီလူးဝစ်ကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။

play

တစ်ယောက်လျော့သွားတဲ့ ရိုးမားအသင်းဟာ ခံစစ်ကို ပြောင်းလဲကစားခဲ့ရပြီး ၈၅ မိနစ်မှာ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ဂါမီယိုက ဂိုးသမားကို ကျော်ဖြတ်ပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ရမှတ် ၆ မှတ်နဲ့ ချန်ပီယံလိဂ်အိပ်မက်ကို ဆက်မက်ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD