AD
AD
AD

ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘေဆယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၅)မှာ မန်ယူအသင်းအနေနဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း တိုက်စစ်မှူး အီဗရာမိုဗစ်ကတော့ စံချိန်ကောင်းတစ်ရပ် ကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

play

 

မန်ယူအသင်းအနေနဲ့ ပွဲကစားချိန် ၇၅ မိနစ်ခန့်တွင် မိုဗစ်ကို လူစားလဲဝင်ကစားစေခဲ့တာကြောင့် မိုဗစ်အနေနဲ့ ယခုလို စံချိန်ကောင်းတစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play

အဆိုပါ စံချိန်ကတော့ အီဗရာမိုဗစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို မတူညီတဲ့ ကလပ်အသင်းတွေနဲ့ အများဆုံး ပါဝင်ကစားနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

 

မိုဗစ်မှာ မန်ယူအသင်းအပါအ၀င် ကလပ်အသင်း ၇ သင်းနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီ လည်းဖြစ်ပါတယ်။

ယင်းကဲ့သို့ စံချိန်တင်နိုင်ခြင်းမှာလည်း ယခင်က ပူးတွဲရပ်တည်ထားနိုင်ခဲ့တဲ့ အနယ်ကာနဲ့ ဆာဗီယိုလာ တို့ကို ကျော်ဖြတ်ပြီး တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိုဗစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ကစားခဲ့တဲ့ ကလပ်အသင်းတွေကတော့ အေဂျက်၊ဂျူဗင်တပ်၊အင်တာမီလန်၊ အေစီမီလန်၊ဘာစီလိုနာ၊ပီအက်ဂျီနဲ့ မန်ယူအသင်းတို့ ဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ ဘေဆယ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့်လည်းချန်ပီယံလိဂ် အုပ်စုအဆင့်ကို ကျော်ဖြတ်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်ထားနိုင်ဆဲ ဖြစ်ကာ နောက်ဆုံး ကစားဖို့ ကျန်နေတဲ့ မော်စကိုနဲ့ ပွဲမှာ အနိမ့်ဆုံးသရေကစားနိုင်ရင်တောင် နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD