AD
AD
AD
play

 

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က မီလန်မြို့ရဲ့ နိုက်ကလပ်တစ်ခုမှာ အယ်ဘေးနီးယားအမျိုးသမီးတစ်ဦးကို အရက်အလွန်အကျွံတိုက်ပြီး အုပ်စုလိုက် မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်အတွက် အီတလီတရားရုံးက ရော်ဘင်ဟိုနဲ့ အခြား ဘရာဇီးလူမျိုး ၅ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

Postby

 

ရော်ဘင်ဟိုဟာ အေစီမီလန်အသင်းကို ၂၀၁၀ ခုနှစ်မှာ ရောက်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တရုတ်စူပါလိဂ်အသင်းဖြစ်တဲ့ ဂွမ်ဇူးအဲဗားဂရန်းအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အီတလီတရားရုံးက အမိန့်ချမှတ်ချိန် တရားရုံးမှာ ရော်ဘင်ဟို ရှိမနေခဲ့ဘဲ သူ့ရဲ့ရှေ့နေကနေတစ်ဆင့် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

play

 

ဘရာဇီးလက်ရွေးစင်ဟောင်း ရော်ဘင်ဟိုကို ထောင်ဒဏ် ၉ နှစ်အထိ ချမှတ်ခဲ့ပြီး ယခု ချမှတ်လိုက်တဲ့ ထောင်ဒဏ်ဟာ အယူခံလုပ်ငန်းစဉ် မပြီးဆုံးခင်အထိ ခေတ္တဆိုင်းငံ့ထားမှာဖြစ်ပြီး ရော်ဘင်ဟိုက သူ့အနေနဲ့ အုပ်စုလိုက် မုဒိမ်းမှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိဘူးလို့ ငြင်းပယ်ထားပါတယ်။ ရော်ဘင်ဟိုဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၀၀ ပါဝင်ကစားပေးထားပြီး လက်ရှိအချိန်မှာ ဘရာဇီးလိဂ်အသင်းဖြစ်တဲ့ အက်သလက်တီကိုမင်နဲရိုးအသင်းမှာ ကစားနေတာဖြစ်ပါတယ်။

 

ရော်ဘင်ဟိုရဲ့ အင်စတာဂရမ်လူမှုကွန်ရက်မှာ တင်ထားတဲ့ ပို့စ်မှာတော့ သူ့အနေနဲ့ "မိမိကို စွပ်စွဲထားမှုတွေကို ခုခံကာကွယ်သွားမှာဖြစ်ပြီး ယင်းဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိတာကို အတည်ပြုကြောင်း ရေးသားထားပြီး ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားမယ်"လို့ ရေးသားထားပါတယ်။

Source & Photos: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD