play

 

ယနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်မှာ ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကိုလုံးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ ကိုလုံးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ ယနေ့ပွဲစဉ်မှာ ဂျရူးကို တိုက်စစ်မှာ တစ်ဦးတည်း အထောင်ထားပြီး ကိုလုံးအသင်းကို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ပွဲစတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ရှိခဲ့ပြီး ကိုလုံးအသင်းကလည်း အိမ်ကွင်းပရိသတ်တွေရဲ့ရှေ့မှာ အာဆင်နယ်အသင်းကို အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ်။

play

 

ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဂိုးကန်သွင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ဒုတိယပိုင်း ၆၂ မိနစ်မှာ ကိုလုံးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂီရာဆီကို ဒီဘက်ချီ ပင်နယ်တီဧရိယာထဲမှာ ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ကိုလုံးအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး ဂီရာဆီကပဲ ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းယူပေးပြီး ကိုလုံးအသင်းအတွက် အနိုင်ရရှိစေမယ့် တစ်လုံးတည်းသောဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ ဂိုးခွင့်ပြုခဲ့ရတာကြောင့် ကစားသမား အပြောင်းအလဲပြုလုပ်ခဲ့ပြီး ၆၇ မိနစ်မှာ ချန်ဘာအစား နယ်ဆင်၊ ၈၄ မိနစ်မှာ ဒီဘက်ချီအစား နီကိရှာကို ထည့်သွင်းကစားစေခဲ့ပြီး တိုက်စစ်ကို မြှင့်တင်ခဲ့ပါတယ်။ ၇၇ မိနစ်မှာ အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူး ဂျရူး ကိုလုံးအသင်းဂိုးသမားနဲ့ တစ်ဦးချင်းကန်သွင်းခွင့်ရခဲ့ပေမယ့် ထိချက်မမှန်ခဲ့ဘဲ ဂိုးပေါက်နဲ့လွဲချော်ခဲ့တာကြောင့် ချေပဂိုး ရရှိမယ့်အခွင့်အရေးဆုံးရှုံးခဲ့ပါတယ်။

Postby

 

ယနေ့ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ကိုလုံးအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ဇယားထိပ်ဆုံးမှာ ရမှတ် ၁၀ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

 

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video